Skip to main content

လက်ပံပျား နှင့် ကိုယ်ပိုင်နာမ် အမည်များ

ဆရာတို့မိသားစု ကျန်းမာလို့ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ သရဖူစားသောက်ဆိုင် မိသားစုလက်ပံပျားရွာ

ဟုတ်။ လက်ပံပျား စာလုံးပေါင်း မူရင်းပါလား။ တယောက်တမျိုး ရေးနေကြတယ်။

လက်ပံပျားက အမှန်ပါဆရာရှင် လက်ပံပင်ကြီးမှာ ကြီးမားတဲ့ ပျားအုံဖွဲ့မှုကို ယူပြီးမှည့်တဲ့အမည်လို့ အမေက ပြောပြပါတယ်ရှင့်

ကျေးဇူး။

လူအမည်၊ မြို့ရွာအမည် စတဲ့ ကိုယ်ပိုင်နာမ်တွေက ထင်သလိုရေးနေကြတာကို သဘောမကျပါ။

ရန်ကုန် နဲ့ ဒဂုံ၊ ပဲခူး နဲ့ ဗဂိုး၊ မေမြို့ နဲ့ ပြင်ဦးလွင် တို့က မူကွဲတွေ။ မန္တလေး ကသာ မူရင်း။ မန်းတလေး၊ မန်းလေး တို့က မူလွဲနဲ့ မူမှားတွေ။

၁။ ရန်ကုန်မြို့

ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ 

၂။ ပဲခူးမြို့

ပဲခူး (အသံထွက် = ပဂိုး) ဟူသည်မှာ မွန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် "ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်" ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်။

၁၉၅၃ နဲ့ ၁၉၅၄ ထုတ် သတ်ပုံစာအုပ်တွေထဲမှာ ပဲခူးလည်း မပါ၊ ဗဂိုးလည်း မပါ။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀) မွန်လူမျိုးအကြောင်းထဲမှာ ဟံသာဝတီ  ဗဂိုး လို့ရေးတယ်။

အခု ပဲခူး လို့ ရေးနေကြတယ်။ မွန်တွေက ဂိုး လို့ခေါ်တယ်။ ဟံဆာဝတော မြို့တော်က ဂိုး။

ဗြိတိသျှလက်ထက်ကတည်းက ဂေဇက်သုံး စပယ်လင်က Pegu ပီးဂူး ဖြစ်ပါတယ်။ အခု Bago တဲ့။ စစ်အစိုးရက ပြင်ခိုင်းထားတာ။

အညာမင်္ဂလာဆောင် (သခင်ကိုယ်တော်မှိုင်း)

ပဲခိုး ဘူတာမှာလေ

ငနဲ သူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့

ပျောက်သဟာ ထန်းခေါက်ဖာကလည်း တလုံးပါပဲ

စုရုံးလိုက်လျှင် တအိမ်ထောင်ပ

လူ့ထုံးစရိုက်တွင် တသိန်ပြောင်လောက်တဲ့

မင်္ဂလာဆောင်မှာ ခန်းဝင်ကလဲ မနည်းပါဘူး

၃။ မန္တလေးမြို့ 

မန္တလေးမြို့ စတင်တည်ကာစအချိန်တွင် မန္တလေးအရပ်ကို ထီးပေါင်းကားဟု ခေါ်ဆိုနေကြသည်။ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ မန္တလေးဟု ခေါ်ဆိုခြင်းနှင့် ပက်သက်၍ တိကျသော အထောက်အထားမတွေ့ရပေ။ ပညာရှင်များကမူ အမျိုးမျိုးဆိုခဲ့ကြသည်။ အချို့က မန္တလေးတောင်အား အစွဲပြု၍ တောင်ခြေရှိမြို့အား မန္တလေးဟုခေါ်ကြောင်း ဆိုကြသည်။ မန္တလေးဆိုသည့် စကားလုံးမှာ မဏ္ဍလဟူသော စကားမှ ဆင်းသက်လာကာ ညီညာပြန့်ပြူးသောလွင်ပြင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍလဟူသော စကားသည် ခေတ်ကာလ ကြာလာသောအခါ မဏ္ဍလေး၊ မန္တလေး စသည်ဖြင့် ပြောင်းလာခဲ့သည်ဟု ဆိုကြသည်။

အချို့က မဏ္ဍလဟူသော ပတ်ဝန်းကျင်တွင် တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့် မဏ္ဍလတောင်ဟု ခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ မဏ္ဍလေးဖုရားသခင်ဟူသော အရေးအသားကို (၁၅)ရာစုက ရေးထိုးခဲ့သော အင်းဝခေတ်ကျောက်စာတွင် တွေ့ရှိရသေးသည်။

၄။ မေမြို့

၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် ပြင်ဦးလွင်ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ စစ်အပြီးတွင် မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့သည်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...