Skip to main content

လက်ပံပျား နှင့် ကိုယ်ပိုင်နာမ် အမည်များ

ဆရာတို့မိသားစု ကျန်းမာလို့ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ သရဖူစားသောက်ဆိုင် မိသားစုလက်ပံပျားရွာ

ဟုတ်။ လက်ပံပျား စာလုံးပေါင်း မူရင်းပါလား။ တယောက်တမျိုး ရေးနေကြတယ်။

လက်ပံပျားက အမှန်ပါဆရာရှင် လက်ပံပင်ကြီးမှာ ကြီးမားတဲ့ ပျားအုံဖွဲ့မှုကို ယူပြီးမှည့်တဲ့အမည်လို့ အမေက ပြောပြပါတယ်ရှင့်

ကျေးဇူး။

လူအမည်၊ မြို့ရွာအမည် စတဲ့ ကိုယ်ပိုင်နာမ်တွေက ထင်သလိုရေးနေကြတာကို သဘောမကျပါ။

ရန်ကုန် နဲ့ ဒဂုံ၊ ပဲခူး နဲ့ ဗဂိုး၊ မေမြို့ နဲ့ ပြင်ဦးလွင် တို့က မူကွဲတွေ။ မန္တလေး ကသာ မူရင်း။ မန်းတလေး၊ မန်းလေး တို့က မူလွဲနဲ့ မူမှားတွေ။

၁။ ရန်ကုန်မြို့

ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ 

၂။ ပဲခူးမြို့

ပဲခူး (အသံထွက် = ပဂိုး) ဟူသည်မှာ မွန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် "ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်" ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်။

၁၉၅၃ နဲ့ ၁၉၅၄ ထုတ် သတ်ပုံစာအုပ်တွေထဲမှာ ပဲခူးလည်း မပါ၊ ဗဂိုးလည်း မပါ။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀) မွန်လူမျိုးအကြောင်းထဲမှာ ဟံသာဝတီ  ဗဂိုး လို့ရေးတယ်။

အခု ပဲခူး လို့ ရေးနေကြတယ်။ မွန်တွေက ဂိုး လို့ခေါ်တယ်။ ဟံဆာဝတော မြို့တော်က ဂိုး။

ဗြိတိသျှလက်ထက်ကတည်းက ဂေဇက်သုံး စပယ်လင်က Pegu ပီးဂူး ဖြစ်ပါတယ်။ အခု Bago တဲ့။ စစ်အစိုးရက ပြင်ခိုင်းထားတာ။

အညာမင်္ဂလာဆောင် (သခင်ကိုယ်တော်မှိုင်း)

ပဲခိုး ဘူတာမှာလေ

ငနဲ သူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့

ပျောက်သဟာ ထန်းခေါက်ဖာကလည်း တလုံးပါပဲ

စုရုံးလိုက်လျှင် တအိမ်ထောင်ပ

လူ့ထုံးစရိုက်တွင် တသိန်ပြောင်လောက်တဲ့

မင်္ဂလာဆောင်မှာ ခန်းဝင်ကလဲ မနည်းပါဘူး

၃။ မန္တလေးမြို့ 

မန္တလေးမြို့ စတင်တည်ကာစအချိန်တွင် မန္တလေးအရပ်ကို ထီးပေါင်းကားဟု ခေါ်ဆိုနေကြသည်။ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ မန္တလေးဟု ခေါ်ဆိုခြင်းနှင့် ပက်သက်၍ တိကျသော အထောက်အထားမတွေ့ရပေ။ ပညာရှင်များကမူ အမျိုးမျိုးဆိုခဲ့ကြသည်။ အချို့က မန္တလေးတောင်အား အစွဲပြု၍ တောင်ခြေရှိမြို့အား မန္တလေးဟုခေါ်ကြောင်း ဆိုကြသည်။ မန္တလေးဆိုသည့် စကားလုံးမှာ မဏ္ဍလဟူသော စကားမှ ဆင်းသက်လာကာ ညီညာပြန့်ပြူးသောလွင်ပြင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍလဟူသော စကားသည် ခေတ်ကာလ ကြာလာသောအခါ မဏ္ဍလေး၊ မန္တလေး စသည်ဖြင့် ပြောင်းလာခဲ့သည်ဟု ဆိုကြသည်။

အချို့က မဏ္ဍလဟူသော ပတ်ဝန်းကျင်တွင် တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့် မဏ္ဍလတောင်ဟု ခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ မဏ္ဍလေးဖုရားသခင်ဟူသော အရေးအသားကို (၁၅)ရာစုက ရေးထိုးခဲ့သော အင်းဝခေတ်ကျောက်စာတွင် တွေ့ရှိရသေးသည်။

၄။ မေမြို့

၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် ပြင်ဦးလွင်ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ စစ်အပြီးတွင် မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့သည်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ