Skip to main content

Karen New Year ကညီနံၣ်ထီၣ်သီ




Mon, Dec 30, 2024 ကရင်နှစ်သစ်ကူးနေ့

ကရင်နှစ်သစ်ကူးပို့စ်တွေ တွေ့တယ်။ ပြက္ခဒိန်တွေက အတော်အဆင်မပြေပါ။ တိုင်းရင်းသားလူမျိုးစုနေ့တွေ မစုံ။ တရုပ်နဲ့ ဟိန္ဒူနေ့တွေတော့ပါတယ်။ ဗုဒ္ဓဘာသာရေးနေ့တွေကလည်း အရင်ကမကြားဖူးတဲ့နေ့သစ်တွေပါနေတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက မုံရွာမြို့မှာ အိမ်နီးချင်း ယောသူ ဒေါ်ချစ်ရဲ့ ခင်ပွန်းက ကရင်လူမျိုး ဆင်ဦးစီးလို့ သိခဲ့တယ်။ သူတို့ဆီကနေ ကစွန်းရွက်ကို အစိမ်းစားတဲ့အကျင့်ရလာတယ်။ သူ့သားသမီးတွေနဲ့လည်း သူငယ်ချင်းတွေ။

ငယ်ငယ်ကပါလဲ ကရင်သူပုန်အကြောင်းတွေ၊ အင်းစိန်တိုက်ပွဲအကြောင်းတွေ ဖတ်ဖူးထားတယ်။ နိုင်ငံရေးရောက်မှ တကယ့်ကရင်တောထဲ ရောက်ပါတယ်။ မာနယ်ပလောကို သုံးခေါက်ရောက်တယ်။ မျှစ်စိမ်း လတ်လတ်ဆတ်ဆတ် စားရတာ တသက်မှာ ပဌမဆုံး။ တာလဘောဟင်းလည်း အဲဒီရောက်မှသာ စားဖူးတယ်။ 

ကရင်ဒုက္ခသည်စခန်းတွေကိုလည်း ရောက်ပါတယ်။ မာနယ်ပလော ကျသွားတော့လည်း တခြားကရင့်နယ်မြေတွေကို ရောက်တယ်။ ဟိုတနေ့ကတင်တဲ့ ပို့စ်ထဲက စွပ်ကျယ်အင်္ကျီနဲ့ပုံဟာ ကရင်နယ်မြေတခုမှာ ကရင်ရေချိုးပြီစမှာ ရိုက်ထားတယ်။

ကရင်တောတွင်းနဲ့ နယ်စပ်ဆေးရုံတွေမှာ လူနာတွေကို ခွဲစိတ်ကုသပေးခဲ့ဖူးတယ်။ ကရင်တွေမှာဖြစ်တဲ့ရောဂါတွေက ဗမာတွေမှာဖြစ်တာနဲ့ အတူတူ။ သွေးအရောင်လည်း အတူတူဆိုတာ ဆရာဝန်ကျွန်တော်က ပိုသိတယ်။

ပုံ (၁) ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယိုဇိုယိုကိုတာနဲ့သွားတွေ့စဉ်က ကရင်ဒုက္ခသည် လူနာတွေကို ဆေးဝါးကုသပေးခဲ့ပုံ။

ပုံ (၂) ကရင့်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တောစခန်းတခုမှာ NLD/LA ဗဟိုကော်မတီအစည်းအဝေးတက်စဉ်က၊ ခုနှစ် မမှတ်မိပါ။

ပုံ (၃) ၁၉၉၃ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်ကို အကြိမ်ပေါင်းများစွာ သွားလာခဲ့ရတယ်။ ၁၉၉၅ ခုနှစ်အထိ ထိုင်းနယ်စပ်သွားတိုင်း မာနယ်ပလောကို ရောက်ပါတယ်။ မာနယ်ပလောမကျခင်အထိ ၃ ကြိမ်။ သောင်ရင်းမြစ်ထဲ စက်လှေနဲ့သွားရတယ်။

ပုံ (၄) ၉-၂-၂၀၀၈ ထိုင်း-မြန်မာနယ်စပ် နောက်ဆုံးရောက်ခဲ့တဲ့ခရီး၊ အစည်းအဝေးနားချိန်၊ နောက်ကျောဖက်မှာက မြန်မာပြည်။

စောစောက လက်ဖက်ရည်ဆိုင်မှာ အတူထိုင်သူတယောက်လည်း ကရင်နှစ်သစ်ကူးနေ့အကြောင်း မမေးလိုက်မိပါ။ သူကလည်း စ မပြော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ