Skip to main content

Simple and basic ရိုးရိုးလေးသာ ဖြစ်ပါကြောင်း

ကူးယူတင်ပြတာဖြစ်ပါတယ်။

ပို့စ် တခု = ဟင်းချက်နည်းတခုမှာ ပုစွန်အခွံခွါတာကိုပြောသွားပုံက ပုစွန်ကို အင်္ကျီချွတ်ပေးပါတဲ့၊

ကွန်မင့်တခု = မြန်မာစကားဟာ mother tongue မဟုတ်သူတွေက ကြိုးစားပြီး မြန်မာလို communicate လုပ်တာကို ပျက်ရယ်မပြု့သင့်ပါ။ ဖေးကူ အားပေး လမ်းပြပေးဖို့တောင်သင့်၏။ အဲ့တာ ကြောင့် ကိုယ့်ကိုကိုယ် တဆင့်မြင့်တယ်ထင်နေတဲ့ မြန်မာတွေ နဲ့တိုင်းရင်းသားတွေက မပေါင်းချင်တာ။

ကျွန်တော့ မှတ်ချက် -

အဲလို အသုံးစကားမျိုးကို AI ဘာသာပြန်ချက်ထဲမှာလည်း တွေ့ရတတ်တယ်။

ရွှေမြန်မာတွေ စိန်ဗမာတွေထက် စာကို မှန်အောင်ရေးသား၊ ကဗျာဖွဲ့တတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ ရှိတယ်။

ဗမာမဟုတ်တဲ့ ပုံတိုပတ်စ အလွန်ပြောတတ်သူ၊ ဗမာမဟုတ်တဲ့ ကဗျာဆရာ၊ ကဗျာဆရာမ စသူတွေကို ကိုယ်တိုင်သိပါတယ်။ အမည်၊ လူမျိုးစု၊ ရာထူးတာဝန်တွေနဲ့ကို သိပါတယ်။ အလျဉ်းသင့်တဲ့အခါ တင်ပြထားတယ်။

ဖေ့စ်ဘွတ်မှာ မြန်မာလိုရော အင်္ဂလိပ်ဘာသာပြန်သတင်းတွေကို နေ့စဉ်ရေးနေသူတယောက်လည်း တောင်ပေါ်ဒေသတခုကနေ ဥရောပနိုင်ငံတခုမှာ နေထိုင်သူ။

တိုင်းရင်းသားချစ်ကြည်ရေးဆိုတာ မြှောက်ပင့်ပြောဆိုရေးသားရတာမျိုးလည်း မဟုတ်ကြောင်း မကြာခဏတင်ပြပါတယ်။

လူမျိုးစုမရွေး လူတိုင်းလိုလိုကလည်း ငါ့တော့မြှောက်နေပြီ၊ ငါ့တော့ ပင့်နေပြီလို့ သိကြပါတယ်။ 

စာလုံးပေါင်းသတ်ပုံ၊ အကြောင်းအချက်တွေကို ၁၀၀% မှန်သူ အင်မတန်ရှားပါတယ်။ မှားရေးမိသူတွေထဲမှာ မြန်မာ ခေါ် ဗမာက ပိုများတယ်။ လူဦးရေကြောင့် ဖြစ်ပါတယ်။ 

အခုတင်ပြချက်ဟာ လူမျိုးစုတွေသာမက ကိုးကွယ်ရာမတူတာတွေလည်း အကျုံးဝင်ပါတယ်။ ပြည်တွင်းထဲမှာနေထိုင်သူတွေရော၊ တခြားတိုင်းပြည်တွေမှာ နေထိုင်သူလည်း ပါတယ်။ လူငယ်၊ လူကြီး၊ ကျား၊ မ အားလုံးနဲ့ ဆိုင်ပါတယ်။ 

ဘယ်အရာကိုမဆို အခြေခံကျကျ၊ လေးလေးနက်နက်၊ တခါတခါလည်း ပေါ့ပေါ့ပါပါး ဖြစ်သင့်ပါတယ်။ ရိုးရိုးလေးသာ ဖြစ်ပါကြောင်း။

Simple vs. basic language: why you should know the ...

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ