Skip to main content

ကင်းအကြောင်း

(သရက်ကင်း၊ မရမ်းကင်း)

ကွန်မင့်တခု = ဆရာခင်ဗျား။ မြန်မာစာနှင့် ပတ်သတ်ပြီး ဒေသိယဆိုင်ရာဝေါဟာတွေကိုတော့ မဖြစ်မနေ ဒီထက် ပိုပြီး ဆရာလေ့လာသင့်နေပါပြီ။ သရက်ကင်း မရမ်းကင်း စသည်တို့မှာပါတဲ့ ကင်းဆိုတာ တိရစ္ဆာန် ပိုးကောင် မဟုတ်ပါ။ ထွက်ခါစ ဖူးခါစ ပေါ်ဦးပေါ်ဖျား အသီးငယ်လေးများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဆင်ဦးကင်း မှန်ကင်း စသည်မှာသုံးတဲ့ ကင်း နှင့် ဆိုလိုရင်းတူပါတယ်။ ကြွက်သားလုံးသားဆိုသည်မှာလည်း ဆရာသိတဲ့ Rat Meatballs မဟုတ်ပါဘူး။ ဘိလပ်လို calf လို့ ခေါ်တဲ့ muscle တမျိုးဘဲ ဖြစ်ပါတယ်။ ဆရာ အိပ်ရေးဝအောင် အိပ်ပါ။ ထင်ယောင်ထင်မှား မဖြစ်စေရန်ဖြစ်ပါတယ်။ ဆရာ ကျမ္မာ ပါစေ။

လူကြီးမင်း သဘောမပေါက်သေးပါ။ တွေ ကို တေ လို့ရေးတာကို ထောက်ပြတာ။

သရက်ကင်း၊ မရမ်းကင်းလေးတွေဆိုတာ အသက် ၄-၅ နှစ်သားကတည်းက စားလာတာ မသိမရှိပါ။

(၁)

တတိုင်နှစ်တိုင် မုန်ညင်းတိုင် https://burmese-spelling.blogspot.com/2023/07/blog-post_674.html

ဗမာ (မြန်မာ) မူ

တတိုင်နှစ်တိုင် မုန်ညင်းတိုင်

မုံ့တိုင်လေးလုံး မုံ့လေးလူံး

မူကွဲ

တတိုင်နှစ်တိုင် မုန်ညင်းတိုင်

မုံ့တိုင်ကိုးလုံး မုံ့ကိုးလုံး

(ရခိုင့်သဘာ၀တေးသံသာ)

"တတိုင်နှစ်တိုင် မညှင်းတိုင်"

တတိုင်နှစ်တိုင် မညှင်းတိုင်

တိုင်ကမညှင်း သရက်ကင်း

နင်နန့်ငါနန့် သင်္ကြန်လမှာပေါင်းကတ်မေ၊

ကပိုင် ကျမွိန့် ရီလယ်ကောင်(မြစ်လယ်ကောင်)မှာ ကြာကြာမွိ့ရေ။

တဆုပ် နှစ်ဆုပ် ထမင်းဆုပ်

ဆုံဆီ မယ်နှုတ် စာကလေး အမွှီးနှုတ်ပြုတ်။

(-) ထဲကစားသားသည် မူကွဲဖြစ်ပါသည်။

ကျေးဇူးပါဆရာရှင့် မညှင်းတိုင်ဆိုတာ ဗမာလို ဘာကိုပြောတာပါလဲဆရာ။

မုန်ညင်းတိုင် (မညှင်းတိုင်) ကို အတိအကျ မသိသေးပါ။ ရမ်းလည်း မဖြေလို။

ဗမာမူရော ရခိုင်မူမှာပါ တတိုင်​နှစ်​တိုင်လို့သာ ရေးတယ်။ မုံ့ နဲ့ မု့န်က မူကွဲ။

(၂)

သရက်ကင်း https://dr-tint-swe.blogspot.com/2022/03/blog-post_64.html

တင်ထားသူက သတ်ပုံလည်းမှန်တယ်။ ကျွန်တော် မြန်မာစာသင်ယူခဲ့တဲ့ မုံရွာကဖြစ်ပါတယ်။

အကင်းဆိုတာ နုသေးတာကိုခေါ်တယ်။ ဘယ်ပညာမဆို နုစဉ်က အရေးကြီးတယ်။ မြန်မာစာဆို သူငယ်တန်း။ ပါရဂူဘွဲ့ရပါစေ သင်ပုန်းကြီး မကျေသူတွေဟာ သတ်ပုံကို မှန်အောင်မရေးတတ်ကြပါ။

(၃) အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ် 

https://burmese-spelling.blogspot.com/2023/03/blog-post_30.html

(၄) သမုန်းဖူး

https://dr-tint-swe.blogspot.com/2022/02/blog-post_658.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ