Skip to main content

ကင်းအကြောင်း

(သရက်ကင်း၊ မရမ်းကင်း)

ကွန်မင့်တခု = ဆရာခင်ဗျား။ မြန်မာစာနှင့် ပတ်သတ်ပြီး ဒေသိယဆိုင်ရာဝေါဟာတွေကိုတော့ မဖြစ်မနေ ဒီထက် ပိုပြီး ဆရာလေ့လာသင့်နေပါပြီ။ သရက်ကင်း မရမ်းကင်း စသည်တို့မှာပါတဲ့ ကင်းဆိုတာ တိရစ္ဆာန် ပိုးကောင် မဟုတ်ပါ။ ထွက်ခါစ ဖူးခါစ ပေါ်ဦးပေါ်ဖျား အသီးငယ်လေးများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဆင်ဦးကင်း မှန်ကင်း စသည်မှာသုံးတဲ့ ကင်း နှင့် ဆိုလိုရင်းတူပါတယ်။ ကြွက်သားလုံးသားဆိုသည်မှာလည်း ဆရာသိတဲ့ Rat Meatballs မဟုတ်ပါဘူး။ ဘိလပ်လို calf လို့ ခေါ်တဲ့ muscle တမျိုးဘဲ ဖြစ်ပါတယ်။ ဆရာ အိပ်ရေးဝအောင် အိပ်ပါ။ ထင်ယောင်ထင်မှား မဖြစ်စေရန်ဖြစ်ပါတယ်။ ဆရာ ကျမ္မာ ပါစေ။

လူကြီးမင်း သဘောမပေါက်သေးပါ။ တွေ ကို တေ လို့ရေးတာကို ထောက်ပြတာ။

သရက်ကင်း၊ မရမ်းကင်းလေးတွေဆိုတာ အသက် ၄-၅ နှစ်သားကတည်းက စားလာတာ မသိမရှိပါ။

(၁)

တတိုင်နှစ်တိုင် မုန်ညင်းတိုင် https://burmese-spelling.blogspot.com/2023/07/blog-post_674.html

ဗမာ (မြန်မာ) မူ

တတိုင်နှစ်တိုင် မုန်ညင်းတိုင်

မုံ့တိုင်လေးလုံး မုံ့လေးလူံး

မူကွဲ

တတိုင်နှစ်တိုင် မုန်ညင်းတိုင်

မုံ့တိုင်ကိုးလုံး မုံ့ကိုးလုံး

(ရခိုင့်သဘာ၀တေးသံသာ)

"တတိုင်နှစ်တိုင် မညှင်းတိုင်"

တတိုင်နှစ်တိုင် မညှင်းတိုင်

တိုင်ကမညှင်း သရက်ကင်း

နင်နန့်ငါနန့် သင်္ကြန်လမှာပေါင်းကတ်မေ၊

ကပိုင် ကျမွိန့် ရီလယ်ကောင်(မြစ်လယ်ကောင်)မှာ ကြာကြာမွိ့ရေ။

တဆုပ် နှစ်ဆုပ် ထမင်းဆုပ်

ဆုံဆီ မယ်နှုတ် စာကလေး အမွှီးနှုတ်ပြုတ်။

(-) ထဲကစားသားသည် မူကွဲဖြစ်ပါသည်။

ကျေးဇူးပါဆရာရှင့် မညှင်းတိုင်ဆိုတာ ဗမာလို ဘာကိုပြောတာပါလဲဆရာ။

မုန်ညင်းတိုင် (မညှင်းတိုင်) ကို အတိအကျ မသိသေးပါ။ ရမ်းလည်း မဖြေလို။

ဗမာမူရော ရခိုင်မူမှာပါ တတိုင်​နှစ်​တိုင်လို့သာ ရေးတယ်။ မုံ့ နဲ့ မု့န်က မူကွဲ။

(၂)

သရက်ကင်း https://dr-tint-swe.blogspot.com/2022/03/blog-post_64.html

တင်ထားသူက သတ်ပုံလည်းမှန်တယ်။ ကျွန်တော် မြန်မာစာသင်ယူခဲ့တဲ့ မုံရွာကဖြစ်ပါတယ်။

အကင်းဆိုတာ နုသေးတာကိုခေါ်တယ်။ ဘယ်ပညာမဆို နုစဉ်က အရေးကြီးတယ်။ မြန်မာစာဆို သူငယ်တန်း။ ပါရဂူဘွဲ့ရပါစေ သင်ပုန်းကြီး မကျေသူတွေဟာ သတ်ပုံကို မှန်အောင်မရေးတတ်ကြပါ။

(၃) အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ် 

https://burmese-spelling.blogspot.com/2023/03/blog-post_30.html

(၄) သမုန်းဖူး

https://dr-tint-swe.blogspot.com/2022/02/blog-post_658.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...