Skip to main content

ပက် ပတ်

မက်ဆေ့ချ်တခု = စီးပွားရေးလုပ်နေတဲ့သူတွေလဲ သတ်ပုံကိုဂရုမစိုက်ကြတော့ပါ အသားပတ် တဲ့။
အမှားနမူနာ နည်းနည်းသာ တင်ပြမည်။
1. Dettol ကို covid လူနာထိတွေ့နေထိုင်တဲ့ အိပ်ခန်း၊ စားပွဲခုံ၊ ဖင်ထိုင်ခုံ၊ အိမ်သာ၊ ရေချိုးခန်း တို့တွင်ပတ်ဖြန်း (ပက်ဖျန်း) ဖို့အတွက်ကော သင့်တော်ပါလားဗျ
2. ကသတ် နဲ့ တသတ် ပြောင်းပြန် လွဲနေတာ အတော်ဆိုးနေပြီ ဆရာ
3. ဆရာ ကျန်းမာရေး နဲ့ပက်သက်ပီး(ပတ်သက်ပြီး) မေးစရာလေးရှိလို့ မိန်းမကိုယ်
ဝန်ကတလကျော် တအားအန်တယ် မရပ်တန့်ဘူး အားယုတ်တယ် ရင်ဘတ်အောင့်တယ် အစာလဲသိပ်မဝင်ဘူး အိပ်မပျော် အကြံလေးတချက်လောက် ကူညီပေးပါဆရာ
4. ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ (ပတ်သက်လို့သာရေးရတယ်။)
5. ဆရာ ပတ်သက်ကို ပတ်သတ်ချည့်ရေးနေကြလို့ ပြောပေးတာမရဘူးဆရာ သတ်ပဲဆက်သတ်နေကြတာ အဲ့ဒီလူတချို့ထဲ စာဖတ်နာကြတဲ့ သူတွေတောင်ပါတယ်ဆရာ အစာသာဖတ်သွားပြီး စာအုပ်ထဲက စာလုံးပေါင်းအမှန်ကို မှတ်ယူရကောင်းမှန်း မသိကြတော့ဘူး ဆရာပြင်ပေးလည်း ခေါင်းမာစွာ ပတ်သတ်ပဲရေးနေကြတာဆရာ။
6. ဆရာ ဘယ်လိုစမ်းသက်မှုမျိူး(မျိုး) လုပ်ရပါလည်ဆရာ - စမ်းသပ်လို့သာ ရေးရတယ်။
7. ဆရာ သတ်တု နဲ့ သတ်ထု အကြောင်းလေး သိချင်ပါတယ်။
8. ဆရာ သပ် ဆိုတဲ့ အသုံးအနုန်း ဘယ်လိုသုံးရတယ်ဆိုတာလေးရေးပေးပါ ဆရာ။
9. ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ (အအေးပတ်လို့ ရေးရ။)
10. ဆရာခင်များ နံပါတ်ရေးတဲ့နေရာမှာ ရေးချာထည့်တာ ပါတ် ကအမှန်လား ရေးချာမပါတဲ့ ပတ် ကအမှန်လားဗျ
11. ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် (ပက်လက်လန်လို့ ရေးရတယ်။)
12. ဆရာရှင့် ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်လို့ဖြစ်တဲ့ အနာတွေနဲ့ပက်သက်တဲ့ ကုသနည်း ရေးထားတာရှိလား သိချင်လို့ပါ (ပက်သက် မဟုတ်။ ပတ်သက်လို့ ရေးသင့်။ ပက်ဆိုတာ ရေပက်တာ။)
13. ဆရာရှင့် တဖက်သတ်လား တဖက်သက်လား ဝေခွဲမရတော့လို့အချိန်ရရင်ဖြေပေးပါ တောင်းဆိုပါတယ်ရှင့် - တဖက်သတ်။
14. ဆရာရှင့် သမီးအသက် ၃၅ နှစ်ပါ အကြောရောင်ရောဂါနဲ့ပက်သက်ပြီးမေးမြန်းချင်လို့ပါ (ပတ်သက်လို့ရေးရ)
15. ညစ်ပက်တယ် - ညစ်ပတ်တယ်လို့ ရေးရ
16. ညစ်ပက်တယ် - ညစ်ပတ်တယ်လို့ ရေးရ
17. နိူင်ငံရေးနဲ့ ပက်သက်ရင် (နိုင်ငံရေးနဲ့ ပတ်သက်လို့ ရေးရတယ်။)
18. ပါတ်နဲ့ ပတ်ရဲ့ အသုံးကိုလည်း တိတိကျကျသိချင်လှပါတယ်။
19. ဘယ်လောက်အထိအသပ်ရှင်နိုင်မလဲ အတွေ့အကြုံရှိသူအားမနာတမ်းပြောပေးပါ (အသက်လို့ ရေးရတယ်။)
20. မင်္ဂလာပါ ဆရာ နောက်ထပ် သပ်သပ်ရှိသေးတယ်၊ နောက်ထပ်သတ်သတ်ရှိသေးတယ်၊ နောက်ထပ်သက်သက်ရှိသေးတယ်၊ ဘယ်တခုအမှန်လဲဆရာ။ သတ်သတ်ကိုတော့ ဒီနေ့မှ့(မှ)တွေ့မိတာ အရင်က သပ်သပ်နဲ့ သက်သက်ကို မခွဲနိုင်တာပါဆရာ။
21. မင်္ဂလာပါ ဆရာ မြန်မာစာနှင့်ပက်သက်၍(ပတ်သက်၍) "အရမ်း" နှင့် "အလွန်" ၏အဓိပ္ပါယ်နှင့် သုံးသည့်နေရာကွာခြားပုံကို သိပါရစေရှင့်။
22. မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက (တခုရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ပတ်သက်လို့ ရေးရ။)
23. ရောဂါကို ဆရာဝန်ပြသင့်။ သတ်ပုံကိုတော့ ကျွန်တော်ပြင်ပေးပါမယ်။ စမ်းသပ်လို့သာရေးရတယ်။
24. လာမပတ်သတ်တာ ပိုကြိုက်တယ် (ကဗျာ) - မပတ်သက်တာ လို့ ရေးရ။
25. သတ်ပုံကျမ်းမှာတော့ သပ်ယပ်၊ သပ်သပ်ယပ်ယပ် လို့ပြောပါတယ်။
26. သေသပ် ဟုတ်ဘူးလားဆရာ။ အသေသတ်ဆိုရင်တော့ တသတ်ပေါ့ မြန်မာစာတော်တော်ခက်တယ်ဗျာ။
27. အရိုင်းစပယ် တအုပ် ၃ ကျပ်၊ သတ်ယပ်သည်။ သတ်ယပ် ကရော သတ်ပုံ အမှန်လား ဆရာ။ ယနေ့ခေတ်မှာ သပ်ရပ်လို့ ရေးနေကြတာ တွေ့လို့ပါ။
28. အသက် ၄၆ နှစ်ရှိပါပြီ။ ကျနော် ညာဘက်လက်နှင့် စာရေးပါတယ်။ အရင်ကစာရေးရင် အတန်အသင့်လှပြီး သက်သက်ရက်ရက် ရှိပါတယ်။ ၃/၄ နှစ်လောက်ရှိပါပြီ စာရေးရင် ထိမ်းမရဘဲ အောက်ဘက်ကို ဆွဲဆွဲသွာပါတယ်။ အရင်ကရေးသလို သက်သက်ရပ်ရပ်လည်းမရှိ/လှလည်း မလှတော့ပါ။  (ထိန်းမရလို့ ရေးရတယ်။)
29. အဲသလို ပသတ် တသတ် မှားရေးသူ (တမင်မှားရေးသူ) အားလုံး ဘလော့ လိုက်ပြီ၊ စိတ်ညစ်လို့)၊ တစ်တွေလဲ ဆက်ကဲနေရင် ဘလော့မယ်။ ကျွဲပါး စောင်းတီးတွေ။
ပက်
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက္ခဒိန် (ပြက္ခဒိန်)
ပက်ကျိ
ပက်ကား = ညွှန်အိုင်
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ပြဲ
ပက်ဖျန်းသည်
ပက်လက်လန်
မှောက်ခုံပက်လက်
ကမ္ပတ်အိမ်၊
ကြိုးနဲ့ပတ်၊
ကွေ့လည်ကြောင်ပတ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ်တာ၊
တနှစ်ပတ်လုံး၊
တသက်ပတ်လုံး၊
တာလပတ်၊
ထောပတ်၊
ပဋ္ဋိပတ်၊
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တရောင်လှည့်၊
ပတ္တာမြေ
ပတ္ထနာဆုတောင်း
ပတ်ကြမ်းတုတ်
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်ခြံ
ပတ်ခြောက်က
ပတ်စာခွာဖျာသိမ်း
ပတ်တမွား
ပတ်တလား
ပတ်တာ (တံခါး)
ပတ်တာခံ
ပတ်တီးစည်း
ပတ်တုတ်
ပတ်တူစ
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်မကြီး
ပတ်မြှောင်
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်
ပတ်သက်
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လည်ပတ်ပုဝါ၊
လျောက်ပတ်တင့်တယ်၊
လုံးပတ်ပင်စည်၊
ဝေ့လည်ကြောင်ပတ်၊
သမာပတ်၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
အကြောင်းဗျုပ္ပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
ဥပပတ်၊
သတ်ပုံအမှား၊ စာရေးအမှားတွေထောက်ပြရင်
တချို့က ကလေးတွေထင်တယ်တဲ့။
တချို့က အလွယ်ရေးတာနေမှာပါတဲံ။
တချို့က စာသိပ်မတတ်လို့တဲ့။
အဲလိုလက်လွတ်စပယ် အထင်နဲ့ ဝင်ပြောတာတွေ၊ အမှားဘက်ကနေ အခမဲ့ရှေ့နေလိုက်ကြသူတွေ အကုန်မှားတယ်။ 
စာရးမှားသူတွေက သူတို့ထင်တာကို ကျကျနန၊ ဒီဇိုင်းတွေ၊ ပုံတွေနဲ့ တင်နေကြတာ်။ သူတို့က စာ တကယ်ကို မတတ်ကြတာ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...