Skip to main content

တြိဂံ နှင် တရိဂံ

ကွန်မင့်တခု = ရွှေတြိဂံတော့ ဖြစ်သင့်ပါတယ်ခင်ဗျာ။
၁။ ရွှေတိဂံနယ်မြေကနေ မြင်ရတဲ့တိမ်ပင်လယ်
ရွှေတရိဂံနယ်မြေလို့ရေးရ။ ပုံအတွက် ကျေးဇူး။
၂။ တရိဂံနဲ့ တြိဂံ ဘယ်ဟာ အမှန်ပါလဲ ဆရာ။
၃။ ဆရာ မသိလို့မေးတာပါ။ တော်တော်များများ အစိုးရသင်ရိုးအပါအဝင် တြိဂံလို့ရေးကြပါတယ်ဆရာ။ ဆရာက တရိဂံလို့ရေးတာဆိုတော့ အမှန်တကယ်ရေးသင့်တဲ့စာလုံးက ဘယ်ဟာဖြစ်မလဲဆရာ။
၄။ ၁၉၈၂ ကဦးနေဝင်းသတ်ပုံကျမ်းပဲရှိပါတယ်။ အဲဒီကဟာကိုတော့ ဆရာပြထားတာတွေ့ပါတယ်။ ပညာရည် အရ ကျနော်လေးစားတဲ့ ရှေ့မီနောက်မီ ဆရာကြီးဦးဟုတ်စိန်ရဲ့ ၁၉၇၈ လောက်ကထုတ်တဲ့ မြန်မာ-ပါဠိ-အင်္ဂလိပ် အဘိဓာန်ကြီးမှာတော့ တြိ = three တိ [တြိ] (sides) သမလမ္ဗ လို့ပြပြီး တြိဂံ = triangle တိကောဏ (တြိကောဏ) လို့ ပြထားပါတယ်ဆရာ။ ဆေးခြောက်ကိုတော့ ဂန်ဂျာ ဂန်ဇာ လို့ ဂန် နဲ့ပေါင်းပြပါတယ်ဆရာ။
တြိစာလုံးကို အရင်ရှာပါတယ်။ 
အရင်ထုတ်သတ်ပုံစာအုပ်တအုပ်မှာ တြိဖလ = ဖန်သောအသီးသုံးပါး (ငြုပ်၊ ပိတ်ချင်း၊ ချင်း) တလုံးတည်းသာတွေ့ရတယ်။ အရင်ထုတ်သတ်ပုံစာအုပ် နောက်တအုပ်မှာ တြိအသုံးလေးလုံးတွေ့ရတယ်။ တြိဖလ၊ တြိကဋုက်၊ တိဒေါသ၊ တြိဂန်ပုံ၊ လေးလုံးတွေ့တယ်။ တြိဂံ မဟုတ်ပါ။
မြန်မာစာရေးထုံးကျမ်း (သတ်ပုံသတ်ညွှန်းကျမ်း) (ဦးသာမြတ်) 
တရိဂံ
အရင်ထုတ်သတ်ပုံစာအုပ်
ဂံ = စအို၊
ပုဂံ၊
ဂံဂျာ (ဟင်ဒီစကား = ဆေးခြောက်)
အရင်ထုတ်သတ်ပုံစာအုပ်
ဂန်
ကျမ်းဂန်၊
ယုဂန်တောင်၊
ဂန္ဓမာပင်၊
ဂန္ဓကုဋိ။
နောက်ထုတ်သတ်ပုံ
ဂန္ထဝင်၊
ဂန္ထန္တရ၊
ဂန္ဓမာဒနတောင်၊
ဂန္ဓမာပန်း၊
ဂန္ဓာရုံ၊
ဂန္ဓဗ္ဗနတ်။
နောက်သတ်ပုံစာအုပ်
တြိ = သုံးခု
တြိဂံ = ထောင့်သုံးထောင့်ပါသောပုံ
တြိချိုး = အချိုးသုံးချိုးထား၍ ရေးဖွဲ့သောကဗျာ
တြိဂန်လို့ ဘာကြောင့်ဆက်မသုံးသလဲ မသိပါ။ ကျောင်းသင်္ချာမှာ တြိရိဂံရေးလိုက် တရိဂံရေးလိုက်ဖြေခဲ့ပါတယ်။ အရင်ရေးခဲ့တဲ့ ဆြာကို ဆရာလို့ပြောင်းလာသလို တြိကို တရိလို့ ပြောင်းလာတယ်ထင်ခဲ့တယ်။ 
ကျွန်တော်က အဆုံးအဖြတ်မပေးပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးတယ် ဆိုတာတွေသာ သက်သေခံပစ္စည်းတွေ တင်ပြပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ