Skip to main content

Mixed Blood ကပြား

ကာပြား - ကပြား၊ (ဘယ်ဘာအမှန်လဲဆိုတာာမသိလို့ပါ)နဲ့ပြော‌ပြော‌နေကြတယ်။ ကာပြား- ကပြား ဆိုတာ မျိုး မစစ် တာကို ဆိုလိုတာလားဗျ

ကပြား = လူမျိုးချင်းမတူသော မိဘနှစ်ပါးမှ ပေါက်ဖွားသူ။ 

နေရာတိုင်းမှာ ကပြားတွေ များနေပြီ။

လူမျိုးစု မတူသူတွေ အတူနေရာကနေ သွေးနှောကပြားတွေ တကမ္ဘာလုံးမှာ ရှိပါသည်။ လွန်ဆန်လို့ မရပါ။

ဘာသာရေးတွေမှာပါ အရောတွေ တကယ်ပင်ရှိပါသည်။

ကပြားဆိုတာ လူမျိုးမတူတာကို ရောထားတာသာ မဟုတ်ပါ။ အမျိုးမတူတာတွေကို ရောတာတိုင်းကိုလည်း ကပြားလို့ သုံးနိုင်ပါတယ်။

အလားတူ အဝတ်အစား အထက်ကမြန်မာလို အောက်က ဘိုလို။

အခုခေတ်မှာ စာရေးတာ စကားပြောတာ ကပြားတွေ များလာတယ်။

မြန်မာစကားလုံးတွေထဲမှာ တခြားဘာသာစကား စာလုံးတွေ များများလာနေသည်။ နည်းပညာဝေါဟာရတွေ မထည့်မဖြစ်သုံးကြရပါမည်။

ယဉ်ကျေးမှုတွေလည်း ရောနှောလာသည်။ အဝတ်အစား၊ အစားအသောက်တွေလည်း ရောနှောလာကြသည်။

Good night ပါ တဲ့။ ကပြား။

Good night par တဲ့။ ကပြား နောက်တယောက်။

"မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့" (ဆရာ ဦးအောင်သင်း)

၁) လွတ်လပ်ခါစကာလ

လွတ်လပ်ရေးရခါစ ကာလကနေ ၁၉၆၄ ခု လောက်ထိ ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ အကောင်း ဆုံး ဖြစ်ခဲ့တယ်။ အိမ်နီးချင်းနိုင်ငံက ပညာသင်တွေ လာသင်ကြတယ်။ မလေးရှား၊ စင်ကာပိုမှာ ရန်ကုန် တက္ကသိုလ်ထွက်တွေ ရဲ့ သားသမီး၊ မြေးတွေတွေ့ခဲ့ရတယ်။ မလေးရှားဝန် ကြီးချုပ် ဒေါက်တာမဟာသယာနဲ့ ခဏလေးတွေ့တဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးကြောင်း၊ အလွန်ကောင်းကြောင်း ပြောသွားသေးတယ်။ ပို့ချရာမှာ အင်္ဂလိပ်ဘာသာသုံးတယ်။ မျက်နှာဖြူဆရာတွေ  ကုလားဆရာတွေ၊ ကပြား ဆရာတွေ လည်း အများသား။ ၁၉၆၄ မှာတော့ တရုပ်တွေ ကုလားတွေကို ပြည်နှင်ဒဏ်ပေး၊ ပညာရေးစံနစ်သစ် ကျင့်သုံးလာကြတယ်။ 

ဥပမာ ၁၉၆၄-၆၅ မှာ စနစ်သစ်ပညာရေးလို့ပြောင်းတော့ အစဉ်အဆက်အင်္ဂလိပ်လိုသာသင်လာခဲ့ရာကနေ မြန်မာလိုပါ သင်တယ်။ ဆေးကျောင်း မဌမနှစ် စာမေးပွဲမှာ မြန်မာစာလိုရော အင်္ဂလိပ်လိုပါ ဖြေလို့ရတယ်။

Watch Mixed Blood | Prime Video

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ