Skip to main content

Tortoise upside down လိပ်ကြီး ပက်လက်လှန်ထားသလို ဖြစ်နေသည့် မြန်မာစာ

ပတ်သက် ကို မှားရေးနေကြတာတွေ အများကြီး
၁။ ဗုဒ္ဓဟာ မဇ္ဈိမဒေသမှာပွင့်ခဲ့လို့ အနွေးထည်နဲ့ပါတ်သတ်တဲ့ဝိနည်းမရှိခဲ့ပါ။
ပတ်သက်ဝိနည်းမရှိခဲ့ပါလို့ ရေးရ။
၂။ ဆရာ ပတ်သက်ကို ပတ်သတ်ချည့်ရေးနေကြလို့ ပြောပေးတာမရဘူးဆရာ သတ်ပဲဆက်သတ်နေကြတာ အဲ့ဒီလူတချို့ထဲ စာဖတ်နာကြတဲ့ သူတွေတောင်ပါတယ်ဆရာ အစာသာဖတ်သွားပြီး စာအုပ်ထဲက စာလုံးပေါင်းအမှန်ကို မှတ်ယူရကောင်းမှန်းမသိကြတော့ဘူးဆရာ ပြင်ပေးလည်း ခေါင်းမာစွာ ပတ်သတ်ပဲရေးနေကြတာဆရာ။
၃။ မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက (တခုရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ပတ်သက်လို့ ရေးရ။)
၄။ ဆရာရှင့် သမီးအသက် ၃၅ နှစ်ပါ အကြောရောင်ရောဂါနဲ့ပက်သက်ပြီးမေးမြန်းချင်လို့ပါ (ပတ်သက်လို့ရေးရ)
၅။ ဆရာရှင့် ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်လို့ဖြစ်တဲ့ အနာတွေနဲ့ပက်သက်တဲ့ ကုသနည်းရေးထားတာရှိလား သိချင်လို့ပါ (ပတ်သက်လို့ ရေးသင့်။)
၆။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ (အအေးပတ်လို့ ရေးရ။)
၇။ ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ (ပတ်သက်လို့သာရေးရ။)
၈။ ဆရာ ဘယ်လိုစမ်းသက်မှုမျိူး လုပ်ရပါလည်ဆရာ။ (စမ်းသပ်လို့သာ ရေးရ။)
၉။ ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် (ပက်လက်လန်လို့ ရေးရတယ်။)
၁၀။ လာမပတ်သတ်တာ ပိုကြိုက်တယ် (ကဗျာ)
မပတ်သက်တာ လို့ ရေးရ။
နမူနာအချို့
1. AI နဲ့ ပက်သက်သမျှ
2. English လေ့လာခြင်းနဲ့ ပက်သက်ပြီး မေးလိုရာမေး
3. Facebookက မြန်မာနဲ့ ပက်သက်တဲ့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ကို အချက်အလက် ဝေမျှ
4. Joe Lay အချစ်ဦးနှင့်ပက်သက်သမျှ
5. Niacinamide နဲ့ပက်သက်တဲ့ အကြောင်းလေးပါ။ 
6. Taobao နှင့်ပက်သက်သမျှ · မြန်မာဖုန်းနံပါတ်ကို သုံးပြီး
7. Title ပတ်သက်ခွင့်ပြုပါ
8. ကျောင်းနဲ့ပက်သက်တာလေးတွေတွက် Share ထားပေးလိုက်ကြပါအုံး
9. ကားနှင့်ပက်သက်သော ဗဟုသုတများ
10. ချဉ်ပေါင်နဲ့ပက်သက်ပြီးချက်နည်းအစုံ စုစည်းမှု
11. ဂွေးသီးနှင့်ပက်သက်မှု
12. ငါးနီတူခြောက်နဲ့ပက်သက်ပြီး အကြော်လှော် အချက် အသုပ်နဲ့ပက်သက်ပြီး ချက်နည်းအစုံ
13. ငါးနီတူခြောက်နဲ့ပက်သက်ပြီး အကြော်လှော် အချက် အသုပ်နဲ့ပက်သက်ပြီး ချက်နည်းအစုံ
14. စကစက ဗုံးကျဲလိုက်တာနဲ့ပက်သက်ပြီး 
15. စစ်မှန်တဲ့ ပက်သက်မှု 
16. ဆံထုံးပညာနဲ့ပက်သက်ပြီး
17. ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ (ပတ်သက်လို့သာရေးရ။)
18. ဆရာ ပတ်သက်ကို ပတ်သတ်ချည့်ရေးနေကြလို့ ပြောပေးတာမရဘူးဆရာ သတ်ပဲဆက်သတ်နေကြတာ အဲ့ဒီလူတချို့ထဲ စာဖတ်နာကြတဲ့ သူတွေတောင်ပါတယ်ဆရာ အစာသာဖတ်သွားပြီး စာအုပ်ထဲက စာလုံးပေါင်းအမှန်ကို မှတ်ယူရကောင်းမှန်းမသိကြတော့ဘူးဆရာ ပြင်ပေးလည်း ခေါင်းမာစွာ ပတ်သတ်ပဲရေးနေကြတာဆရာ။
19. ဆရာ ဘယ်လိုစမ်းသက်မှုမျိူး လုပ်ရပါလည်ဆရာ။ (စမ်းသပ်လို့သာ ရေးရ။)
20. ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ (အအေးပတ်လို့ ရေးရ။)
21. ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် (ပက်လက်လန်လို့ ရေးရတယ်။)
22. ဆရာရှင့် ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်လို့ဖြစ်တဲ့ အနာတွေနဲ့ပက်သက်တဲ့ ကုသနည်းရေးထားတာရှိလား သိချင်လို့ပါ (ပတ်သက်လို့ ရေးသင့်။)
23. ဆရာရှင့် သမီးအသက် ၃၅ နှစ်ပါ အကြောရောင်ရောဂါနဲ့ပက်သက်ပြီးမေးမြန်းချင်လို့ပါ (ပတ်သက်လို့ရေးရ)
24. ဆေးဝါးနဲ့ပက်သက်တဲ့ဗဟုသုတများစွာကိုလေ့လာသင်ယူချင်တယ် 
25. ဒီကာလမှာ ပြည်သူတွေရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ပက်သက်ပြီး
26. ပက်သက်ခွင့်ပြုပါ ဟဲလေး ၊ ဝိုင်းဝိုင်း ၊ ဂေးဂေး 
27. ပက်သက်ခွင့်ပြုပါ မဂ်လာပါခဗျ
28. ပက်သက်ခဲ့တာ နောက်ဆုံးဘဲ 
29. ပက်သက်ပြီးအမြဲတင်ပေးမယ်နော် 
30. 'ပတ်သက်' လို့ ရေးရ။ ပုံအတွက် ကျေးဇူး။ 'ပတ်သက်' ကို မှန်အောင် မရေးတတ်သူတွေ နေ့တိုင်း တွေ့ရတယ်။
31. ပေါ့ဘာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်(၇) ချက
32. မင်းနဲ့ပက်သက်ရင် (ရေမွန်)
33. မင်္ဂလာပါ ဆရာ မြန်မာစာနှင့်ပက်သက်၍(ပတ်သက်၍) "အရမ်း" နှင့် "အလွန်" ၏အဓိပ္ပါယ်နှင့် သုံးသည့်နေရာကွာခြားပုံကို သိပါရစေရှင့်။
34. မနော ပက်သက်ခွင့်
35. မိုးနှင့်ပက်သက်သော သီချင်းများ
36. မေဆွိ အချစ်နဲ့ ပက်သက်၍
37. မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက (တခုရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ပတ်သက်လို့ ရေးရ။)
38. ရွှေစျေးကွက်နဲ့ ပက်သက်ပြီး 
39. ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
40. လာမပတ်သတ်တာ ပိုကြိုက်တယ် (ကဗျာ) မပတ်သက်တာ လို့ ရေးရ။
41. လူကြိုက်များတဲ့မာလာအနှစ် /မာလာနဲ့ပတ်သတ်သမျှ လုပ်နည်းများ ပတ်သက် လို့ ရေးရ။ 
42. ဟဲလေး ဒီယံ အစ္စဏီ ပက်သက်ခွင့်ပြုပါ
43. အကြွေးနှင့်ပက်သက်သောအနုပညာဆောင်းပါး
44. အကြောင်းရာလေးတွေနဲ့ ပက်သက်ပြီး ကောမန့်မှာမိမိရဲ့အမြင်တွေ
45. အစားအသောက်နဲ့ ပက်သက်ရင် မရဘူးနော်
46. အယ်ဖြူ ပက်သက်ခဲ့တာ ဒါနောက်ဆုံးဘဲ
ပတ်
ကမ္ပတ်အိမ်
ကြိုးနဲ့ပတ်
ကွေ့လည်ကြောင်ပတ်
ခရုပတ်
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း သီရိပျံချီ ဦးသာမြတ်)
ငါးကြီးအန်ပတ်
စီကာပတ်ကုံး
ညစ်ပတ်
တံခါးပတ္တာ
တနှစ်ပတ်လုံး
တသက်ပတ်လုံး
တာလပတ်
ထောပတ်
ပဋ္ဋိပတ်
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တမြား
ပတ္တရောင်လှည့်
ပတ္တလား
ပတ္တာ (တံခါး)
ပတ္တာခံ
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကြမ်းတုတ်
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်ခြံ
ပတ်ခြောက်က
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်မကြီး
ပတ်မြှောင်
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း
ပတ်လွှမ်း
ပတ်ဝန်းကျင်
ပတ်သက်
ရင်ပတ်
ရိုင်ပတ်ဖျာ
ရုပ်ပတ်
လည်ပတ်ပုဝါ
လျောက်ပတ်တင့်တယ်
လုံးပတ်ပင်စည်
ဝေ့လည်ကြောင်ပတ်
သမာပတ်
သုံးလေးပတ် (ပတ်လှည့်ခြင်း)
အကြောင်းဗျုပ္ပတ်
အနားပတ်
အပတ်တကုတ်
အာပတ်
ဥပပတ်
ပက်
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက္ခဒိန် (ပြက္ခဒိန်)
ပက်ကျိ
ပက်ကား = ညွှန်အိုင်
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ပြဲ
ပက်ဖျန်းသည်
ပက်လက်လန်
မှောက်ခုံပက်လက်
ကသတ်/တသတ်/ပသတ် ဆိုင်ရာ အလွဲ ၁၀၀ https://dr-tint-swe.blogspot.com/2022/01/blog-post_274.html
ပတ်သက် စပ်လျဉ်း https://dr-tint-swe.blogspot.com/2022/05/blog-post_488.html
မြန်မာစာကတော့ လိပ်ကြီး ပက်လက်လှန်ထားသလို https://dr-tint-swe.blogspot.com/2022/06/blog-post_596.html
ပတ်သက်ကို မှားရေးတာတွေ အတော်ကို များတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_595.html
Supine Position ပက်လက်လန် https://dr-tint-swe.blogspot.com/2021/07/supine-position.html
ပတ်သက် https://burmese-spelling.blogspot.com/2023/05/blog-post_313.html
တချို့က ပက်သက် တဲ့။ တချို့က ပတ်သတ် တဲ့။ တချို့က ပက်သက် တဲ့။ သပြေတခက်နဲ့ နံ့သာစက်ဖြင့်၊ ဖျန်းပက်လိမ်းကျံ ပန်းလှပန်နှင့်။
- တချို့က ပက်သက် တဲ့။ 
- တချို့က ပတ်သတ် တဲ့။ 
- တချို့က ပက်သက် တဲ့။
ပတ်သက်လို့ရေးရ။ ပက်လက်လို့ ရေးရ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ