Skip to main content

A One First မတူကြပါ


ကွန်မင့်တခု = ကျွန်တော်အလွယ်နားလည်ထားတာလေး တခုကတော့ အင်္ဂလိပ် မှာ a နှင့် one မြန်မာမှာ တ နှင့် တစ် အသုံးပြုပုံတူသလိုရှိပါသည်။

တူသလိုလိုဆိုတာ တူတာတော့ မဟုတ်ပါ။

တ၊ တစ်၊ ပဌမ မတူကြပါ။

Judson’s English Burmese Dictionary မှာ -

A = တစ်။ တခု။

Some one = တစုံတခု။

One = တစ်။

One eyed = မျက်စိတဖက်ရှိသော။

One sided = တဖက်သို့ ငဲ့ကွက်တတ်သော။

Oneness = တခုတည်းဖြစ်ခြင်း။ 

Union in one = တလုံးတဝတည်းဖြစ်ခြင်း။

A man သည် ယေဘူယျအားဖြင့် အမျိုးသားတဦးကို ရည်ညွှန်းရာတွင် မှန်ကန်သောရွေးချယ်မှုဖြစ်ပြီး၊ one man ကို a one-man show ကဲ့သို့သော စကားစုတခု၏ တစိတ်တပိုင်းအဖြစ် အလေးပေးဖော်ပြရာတွင် one man ကို အသုံးပြုသည်။ 

ဥပမာ စာကြောင်းများ

လူတယောက် အခန်းထဲဝင်သွားတယ်။ ယောက်ျားတယောက်ပဲ။

သူက one-man band ပါ။ အရာအားလုံးကို သူကိုယ်တိုင်လုပ်တယ်လို့ ဆိုလိုတာပါ။

one book စာအုပ်တအုပ်ဆိုတာ အရေအတွက်အတိအကျတအုပ် သို့မဟုတ် အများဆုံးတအုပ်လို့ အဓိပ္ပာယ်ရတယ်။ 

စာအုပ်တအုပ် ယူဆောင်လာနိုင်ပါသည် = တကြိမ်လျှင် စာအုပ်တအုပ်သာ ယူဆောင်လာနိုင်သည်။ အရေအတွက် တခုထက်မပိုရ။ 

a book သည် one book ထက် မှန်တယ်။

a book ဆိုတာ ကြိုတင်သတ်မှတ်မထားတဲ့ စာတအုပ်အုပ်။ စာကြည့်တိုက်ကိုသွားပြီး စာတအုပ်လောက် ငှားမယ်။ ဟိုရောက်တော့ ကြိုက်တာတွေ့လို့ တအုပ်မကကိုလည် ငှားလာကောင်း လာမယ်။

မှတ်ရန်

အင်္ဂလိပ်စာမှာ a နဲ့ one တို့ရဲ့ အသုံးအပြောင်းအလဲ မလုပ်ပါ။

မြန်မာစာအရေးအသားမှာ တအုပ်လို့သာရေးခဲ့စဉ်က အခုလိုအငြင်းပွားစရာ မရှိခဲ့ပါ။

First = ပဌမ။ အဦးဆုံးသော။ ရှေ့ဆုံးသော။ အမြတ်ဆုံးသော။

ပဌမ = ပါဠိ = တခုမြောက်

ပထမ = သင်သကရိုက် (သက္ကတ၊ ဆန်းစ်ခရစ်) သက် = တခုမြောက်

နှစ်မျိုးလုံး သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ