နွေဦး ရာသီကို ပါဠိ လို အမှန်သိချင်လို့ပါရှင်
ဂိမာန်
ဂိမ္မာန်
ဂိမှာန်
ဘယ်ဟာ မှန်လဲ သိပါရစေရှင်
ဂိမှန် = နွေဥတု
ဝသန္တ = နွေဦး
ဝသန် = နွေဦး (ဝသန္တ)
ဝသန် = မိုးဥတု (ဝဿာန)
ဝသန္တ = မိုး
ဟေမန် = ဆောင်းဥတု
ဟေမန် = တော
နွေဂိမှာန်
ဂိမှန် (အသံထွက် ဂိန်မှန်) = တပေါင်းလပြည့်ကျော် တရက်မှ ဝါဆိုလပြည့်နေ့ထိ ဖြစ်သော နွေဥတု။
“နွေနှောင်းရက်ကျန်၊ ဝသန်ပေါ်ဦးခါ၊ အုံ့ပြမှိုင်းဆန်း၊ ယုဂန်ဗွေမြနန်းမှာ”
နွေဦးဝသန်၊ နွေဦးဝသန္တ၊ ဝသန်နွေဦး။
ခါဂိမှေ၊ ဂိမှာန နွေဥတု အခါ။
မျှမပို
လအလို အခါထူးပါတဲ့
တန်ခူးသည် ဂိမှေ၌
ရဝိန်နေ မေဇ္ဈနန်းမှာ
မြန်းမည့် အတွင်း။ (မဟာဂီတ ဦးပြုံးချို)
ဂိမှန် ဝသန် ဟေမန် https://burmese-spelling.blogspot.com/2023/10/blog-post_15.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment