ဆရာ မျက်နှသိ(မျက်နှာသိ) ငပိ(ငါးပိ)မဝယ်ရာ ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်နဲ့ သူ့ရဲ့ အသုံးကို သိပါရစေ ခင်ဗျ။
(၁) မျက်နှာသိ ငါးပိမဝယ်ရ
မိမိနှင့်သိကျွမ်းသည်ဟု စိတ်ချပြီး ငါးပိဝယ်လျှင် စိတ်တိုင်းမကျသည့်အခါ ပြန်ပြောရန် အားနာရ သဖြင့် မဝယ်ပါလေနှင့်။ ထိုနည်းတူ မိမိနှင့် ခင်မင်ရင်းနှီးပြီးသူဟု ယုံကြည်စိတ်ချပြီး အလုပ်အတူတူ လုပ်ပါက စိတ်တိုင်းမကျသည့်အခါ မျက်နှာနာရသဖြင့် အတူတကွ ဖက်စပ်လုပ်ကိုင်ခြင်း မပြုပါလေနှင့်။
(၂) မျက်နှာသိငါးပိမဝယ်နဲ့
ခင်မင်သိကျွမ်းသော ငါးပိသည်ဆိုင်တွင် ငါးပိဝယ်သောအခါ ပစ္စည်းညံ့ရောနှောပေးမည်ဟု မထင် သဘောပိုက်ခါ ပို၍အညံ့ပို၍ရောနှောပေးပါက နောက်တကြိမ် ဝယ်ယူမည်မဟုတ်ဟု တွက်ဆကာ ဖောက်သည်ရအောင် ပစ္စည်းကောင်းကိုသာ ထုတ်ပေးတတ်သည်ဖြစ်၍ မျက်နဇာသိဆိုင်တွင် ငါးပိမဝယ်ရာဟုဆိုလိုသည်။သိကျွမ်းသူများသည် တခါတရံတွင် သူစိမ်းထက်ပို၍ ကောက်ကျစ်လှည့်ဖျားတတ်သိအခါတွင် သုံးနှုန်းသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment