Skip to main content

တဲ့ နဲ့ တတ် မှားနေသည်

ကြောက်တဲ့မကြောက်တဲ့နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ. ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ

တဲ့ နဲ့ တတ် မှားနေသည်။

ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေလို့ ရေးရတယ်။

၁။ "တဲ့" နဲ့ "တယ့်" က ဘယ်ဟာကအမှန်လဲဆရာ

၂။ မင်္ဂလာပါဆရာခင်ဗျာ။ တဲ့ နှင့် တယ့် အကြောင်းကို သေချာရှင်းလင်းစွာ သိချင်လို့ပါခင်ဗျာ။ မဲ့ နှင့် မယ့် အကြောင်းပါတလက်စတည်း ရှင်းပြစေလိုပါတယ်ဆရာခင်ဗျ။  ဆရာရေးထားတာရှိမလား ရှာကြည့်တော့လည်း မတွေ့လို့ပါခင်ဗျ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးခင်ဗျာ။ တခြားရှာကြည့်တဲ့အခါမှာ ဒီလိုရေးထားတာမျိုးတော့ တွေ့ပါတယ်ဆရာခင်ဗျ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

၃။ ဆရာ ကျနော်တို့မြန်မာလူမျိုး စကားပြောတာ စာရေးရင် "တဲ့" ဆိုသော စကားလုံး ဘာကြောင့် အများစုထဲပါ၀င်သနည်း။ ဥပမာ သူလာမည်တဲ့။ သူစားပြီးပြီတဲ့။ သူကပြောလိုက်တယ်တဲ့။

- ငါ့ကိုချစ်တယ့်ဟုတ်လား - မမှန်ပါ။

- သနားပါတယ့်ဟာ - မမှန်ပါ။

- ကောင်းလိုက်တယ့်သီချင်းကွာ - မမှန်ပါ။

- တင်သင်တယ့်ထင်လိုပါ - မမှန်ပါ။

- မင်းမရှိတယ့်နောက် - မမှန်ပါ။

(၁)

တဲ့ = တဆင့်စကား ပြောကြားသည့် အဖြစ်ကိုပြသော စကားလုံး။

ပြည်ကြီးလျက်ကဲ့၊ ဤသို့တဲ့ဟု၊ ကဲ့ရဲ့လွယ်စွ။

(၂)

ရှေးခေတ်ပုဂံပြည်

မောင်တို့ ကြားကုန်လော့

မယ်တို့ ကြားကုန်လော့

ရှေးဖျား ပုဂံပြည်မှာဖြင့်

မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်

မင်းကောင်း နော်ရထာတဲ့

မော်စရာ ဟိုတခေတ်ကိုဖြင့်

ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့

ဘဝင်မှာ အမြင်မှန်းကာပ

တမ်းတ၍ ကြည်ညိုပါ။ (၁၉၃၆ ခုနှစ် မေလထုတ် ဂန္ထလောကမှာ ဆရာဇော်ဂျီ ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။)

(၃)

မယ့်လမ်းပါလား

ပန်းနီလာ၊ ဗေဒါ ဆင်သလို့

ယဉ်လှတယ်လေး…။

စုန်ချည် ဆန်ချည်နဲ့

ဒီချောင်းရေ ဗေဒါလမ်းမှာ

တန်းစီလို့လေး… ။

အိုအချင်း ကျူရိုးရှင်…

မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင်

စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း

သူ့လိပ်ပြာ ခြံအရံနဲ့

သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့…။ (ဇော်ဂျီ)

(၄)

ချစ်တဲ့ နာမ်စား

ချစ်တဲ့အမျိုးသမီးတဦးဦးကို ရည်ညွှန်းပြီး စာရေး၊ ကဗျာဖွဲ့၊ သီချင်းသီကုံးတဲ့အခါ ‘ခင်’၊ ‘မေ’၊ ‘မ’ စတဲ့ နာမ်စားတွေကို သုံးလေ့ရှိခဲ့တယ်။

နောက်မှာ ‘မိ’၊ မော်၊ မေ၊ မ’ ကာတွန်း ပေါ်လာတယ်။

‘မေ’၊ ‘မီ’၊ ‘မြိုင်’၊ ‘မွှေး’၊ ‘မမ’ အမည်နဲ့ စာအုပ် ၅ အုပ်ထွက်တယ်။

‘ခိုင်’၊ ‘လှိုင်’ စတာတွေလည်း ထွက်တယ်။

‘ညိုနွဲ့ နဲ့ ‘ထွေးညို’ လို့ အသစ်ပေါ်လာတယ်။

‘စာဥ’ အသုံးကို ပြောကြပေမဲ့ ဆရာဝန်ဘဝလုံးပမ်းနေရချိန်ကာလဖြစ်လို့ တိုက်ရိုက် မကြားဘူး မဖတ်ဘူးခဲ့ပါ။

ခေတ်ကလည်း ပြောင်းပါတယ်။ ဖေ့စ်ဘွတ်ကနေ လေ့လာလို့ရသလောက် 

‘ကောင်လေး’ တဲ့။

‘ကောင်မလေး’ တဲ့။

‘ညမ’ တဲ့။

‘ကျယ်မ’ တဲ့။

နောက်ဆုံးပေါ်တခုက မိန်ကလေးအမည်တွေတော့ မဟုတ်ပါ။ ‘ရန်ကုန်မာ’ တဲ့။ ‘မန်းလေးမာ’ တဲ့။ ‘ထိုင်းမာ’ တဲ့။

တတ်

ကြည့်တတ် မကြည့်တတ်

ကောင်းအောင် လုပ်တတ်သလား

ဆေးပညာအတတ်

တတ်ကျွမ်းအောင် လေ့လာသင်ယူပါ

တတ်စွမ်းသလောက်တော့ လုပ်ပါ

တတ်တိုင်း ပညာပြနေသည်

တတ်တိုင်း မကြွားသင့်

တတ်နိုင်သလောက်လှူပါ

တတ်နိုင်သော

တတ်ပွန်

တတ်မြောက်ပြီ

တတ်ယောင်ကားမလုပ်ပါနှင့်

တတ်သိလိမ္မာ

ပညာတတ်

ပြောတတ်ဆိုတတ်

ပုတတ်ကောင်

ဖြစ်ကတတ်ဆန်း

ဖြစ်တတ် ပျက်တတ်

ဖွတ်ပတတ်

မတတ်နိုင်

မတ်တတ်ရပ်

မပြီးတတ်သေး

လုပ်တတ် ကိုင်တတ်

လုပ်တတ် မလုပ်တတ်

သမားဟူးရားအတတ်

သေလုမတတ်

အတတ်ပညာ ရှာမှီးပါ

အတတ်ပညာ ရှာမှီးပါ။

အနောတတ်ရေအိုင်

အဲလိုအမှားမျိုးက ဖြစ်တတ်တယ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ