(ပုံအတွက် ကန်တော့)
၁။ ဆရာ ဆက်ဆက်ထိမခံ လို့ရေးရတာလားရှင့်
ဆတ်ဆတ်ထိမခံ။ ဆက်ဆက်လာပါ။ ဆက်လက်လေ့လာပါ။ ခေါင်းဆတ်ပြီး သဘောတူကြောင်း ပြသပါ။
၂။ ဆပ်ကော့ ဆတ်စလူး နဲ့ စပ်စလူး အမှန်က ဘယ်ဟာလဲရှင့်။
ဆတ်ကော့လတ်ကော့လို့ ဘန်းစကားရှိတယ်။ ဆတ်ခနဲဆတ်ကနဲ ပြုမူ သွားလာ လှုပ်ရှားတာ။ ဣန္ဒြေမရတာ။ မတည်ငြိမ်တာ။ ဆပ်ကော့ မဟုတ်ပါ။
ဆတ်စလူးက ဆတ်ခနဲဆတ်ကနဲ ပြုမူသွားလာလှုပ်ရှားတာအပြင် လူးလွန့်တာ။ ပလူးပလဲနိုင်တာ။ ဗလောင်းဗလဲများတာ။ စပ်စလူး မဟုတ်ပါ။
ဆက်
ဆက်ကပ်
ဆက်ကြေး
ဆက်ခံ
ဆက်စပ်
ဆက်ဆံ
ဆက်တိုက်
ဆက်နွှယ်
ဆက်ရက်ငှက်
ဆတ်
စိတ်ဆတ်သူ
ဆတ္တာသည်
ဆတ်(သတ္တဝါ)
ဆတ်ကော့လတ်ကော့
ဆတ်ခနဲ
ဆတ်ချိုနု
ဆတ်ချိုရစ်ပင်
ဆတ်ဆတ်ကြား
ဆတ်ဆတ်ကြဲ
ဆတ်ဆတ်ခါ
ဆတ်ဆတ်တုန်
ဆတ်ဆန်တည်
ဆတ်ဆော့သည်
ဆတ်တငံ့ငံ့
ဆတ်တွန့်အထည်
ဆတ်ထုပ်(ပုစွန်...)
သမင် ဒရယ် ချေငယ် စိုင် ဆတ်
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment