ပုန်းမကြည် မုံ့ဖြူ မုံ့နီကို တပေါင်းလဆန်း (၃) ရက်၊ ကနေ့မှသာ တင်ရတယ်။
ကျွန်တော်ကတော့ ရိုးရာအစဉ်အလာကို လက်ဆင့်ကမ်းသင့်တဲ့ သုတလို့ မှတ်ယူပါတယ်။ ဇနီးရဲ့ရွာ ဘုတလင်မြို့နယ် ညောင်ကန်မှာ ဆန်နဲ့လုပ်တဲ့ မုံ့ဆီကြော်နဲ့ လက်ဖက်တင်ကြတယ်တဲ့။
ကျွန်တော်ငယ်ငယ်က ပုလဲမြို့နယ် မင်းရွာမှာ မုံ့ဖြူ မုံ့နီတွေ လုပ်ကြတယ်။ ကလေးတွေသဘောကျတဲ့ ထွန်ရုပ်၊ နွားရုပ်မုံ့တွေလုပ်တာကို အမှတ်ရတယ်။
ပုန်းမကြည်ရှင်မရိုးရာပွဲစာကို ဖတ်ရတယ်။ သူ့စာထဲမှာ အညာဓလေ့ တပေါင်းလဆန်း (၁) ရက်နေ့မှာ ပုန်းမကြည် (ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊ ကိုင်း၊ ကျွန်းလုပ်တဲ့လူတွေတိုင်း ပူဇော်တင်မြှောက် ပသကြတဲ့နေ့လို့ ပါတယ်။ နောက်တပုဒ် မှာတော့ ကာဠီယက္ခီနီဘီလူးမဝတ္ထုထဲက ပုန်းမကြည်ဘီလူးမလို့ ဆိုပါတယ်။ ကျေးဇူး။
ပုန်းမကြည်တင်ပြီးနောက်မှာ လူလည်းစားပါတယ်။ ကျွန်တော်တို့ သူငယ်တန်းကတည်းက မုံ့လို့သာရေးကြရတယ်။ စာရေးရတာမြန်တော့ မြန်မြန်စားရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment