‘ဘိုလို’ ဆိုတာ တချိန်က ဘန်းစကား။ ‘ဗိုလ်’ ခေါ် အင်္ဂလိပ်စကားပြောသူ၊ မျက်နှာဖြူယဉ်ကျေးမှုနောက်လိုက်တာကို ခေါ်ပါတယ်။ အင်္ဂလိပ်စကားလုံး ညှပ်ပြောတာကို ဘိုလိုမှုတ်တယ်။ ‘ဗိုလ်ရူး ဗူးယို’။
အဲလိုအမူအကျင့်ကို မနှစ်မြို့သူတွေက ‘ဗိုလ်’ လို့ တောင် ရေးမနေတော့ဘဲ ‘ဘို’ လို့သာ ရေးကြပါတယ်။
အဲဒီခေတ်က ကိုလိုနီဆန့်ကျင်ရေး အားကောင်းပြီး မြန်မာ့ယဉ်ကျေးမှုကို အားပေး တိုက်တွန်းနေချိန်။
နောက်တော့ အင်္ဂလိပ်စာ မတတ်မဖြစ်။ သင်ကြားပေးပါတယ်။ စကားထဲမှာ အင်္ဂလိပ်စာလုံးညှပ်ပြောတာကို သိပ်ဗွေမယူကြတော့ပါ။ အင်္ဂလိပ်စာကိုလည်း ကောင်းကောင်း သင်ပေးလို့ အသုံးတွေ၊ အသံထွက်တွေလည်း မှန်သူက များတယ်။ တဖြည်းဖြည်းနဲ့ အင်္ဂလိပ်စာလုံး နည်းလာပါတယ်။
အခုခေတ်
ပြောင်းလာတယ်။ ပျက်လာတယ်။ တချို့အပြော အရေးတွေကို ဗွေယူချင်စရာကောင်းလောက်အောင် မျက်စိနောက်တာမျိုးလည်း ရှိတယ်။ ရိုးရိုးတည့်တည့် မြန်မာလိုပြောရင် ရတာ၊ ပြီးတာ၊ နားလည်နိုင်တာကို တမင်တကာ ဘိုအသုံးတွေ မိုးမွှန်နေအောင် ထည့်ပြောကြ၊ ရေးကြတာ မသင့်လို့ ထင်ပါတယ်။
နေရာတိုင်းမှာ မျိုးချစ်လုပ်လို့ မသင့်တာတွေလည်း ရှိတယ်။
မြန်မာလို့ပြောရတာ ခက်တာမျိုးလည်း ရှိလာတယ်။ ဥပမာ နည်းပညာအသုံးတွေ။ ‘ဖေ့စ်ဘွတ်’ ကို ‘မျက်နှာစာအုပ်’ လို့ မပြောသင့်။ ‘ကွန်မင့်’ ကို ‘ကွန်မန့်’ လို့ လိုက်ငြင်းနေတာလည်း ဂွကျတယ်။
Block ကို မြန်မာလိုရေးခိုင်းနေသူတွေ။ သူတိုပြောတော့ တယောက်တမျိုး။ ‘ပိတ်ပင်’ ‘တားဆီး’ ‘မလာရ’ တဲ့။
‘ဒေါက်တာ’ ကို ‘သမားတော်’၊ ‘ဆရာဝန်’၊ ‘ဆေးဆရာ’ တဲ့။
‘ဘိုလို’ ဆိုတာကို တချို့က ‘အဘရောဂါ’ နဲ့ ဆက်နေတယ်။ ‘ဘလိုလုပ်ရမလဲ’ မှားတယ်။ ‘ဘယ်လို’ ကို ‘ဘလို’၊ ‘ဘိုလို’ မှားတယ်။
အခုခေတ်မှာ သတိထားစရာတွေ များတယ်။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment