Skip to main content

ရာမယဏဇာတ်တော်

လေးတင်ခန်း ခိုင်သဇင်သင်း ပုံအတွက် ကျေးဇူး။

၁၀ တန်းကို ဒဿမတန်း လို့ရေးတာ မမှန်ပါ။ ဒသမတန်း မှန်တယ်။

G10 လည်း စစ်စစ်ပေါက်ပေါက်ဆိုရင် မမှန်ပါ။ 10th Grade ကသာ မှန်တယ်။

ရာမဇာတ်တော်ထဲမှာ ဒဿဂီရိလို့ရေးကြတယ်။

ဒသ = ဆယ်ခု၊

ဒသ = မြင်ခြင်း၊ မြင်သည်၊

ဒသမ = ဆယ်ခုမြောက်၊

ဒဿန = မြင်ခြင်း၊ ကြည့်ခြင်း၊ ရှုခြင်း၊

ဂီရိ = တောင်၊

ဒတ်စ် (ဟင်ဒီ) = ၁ဝ။

ဒဿဂီရိ = တောင် ၁၀ လုံး။

Ramayana ရာမယဏနဲ့ Mahabharata မဟာဘာရတ္တတို့ဟာ ရှေးအကျဆုံး ဆန်းစ်ခရစ် ခေါ် သင်္သကရိုက် (သက္ကတ) ဘာသာနဲ့ ရေးထားခဲ့တဲ့ Epic ကဗျာမော်ကွန်းရှည်ကြီးတွေဖြစ်ပါတယ်။ စာပေအနုပညာအရာမှာ အတော်ကို ကောင်းပါတယ်။ မူကွဲတွေလည်း ရှိတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအထိ ပြန့်နှံ့ပါတယ်။ ဗုဒ္ဓစာပေထဲက Dasharatha Jataka ဇာတကဝတ္တုထဲမှာလည်း ပါလာတယ်။ 

ဘန်ကောက်မြို့က Wat Phra Kaew ဘုရားကျောင်းမှာ ပုံတွေနဲ့ ရှိတယ်။ ကမ္ဘောဒီးယားမှာ Preah Ream လို့ခေါ်တယ်။ လာအိုမှာတော့ ဂေါတမဗုဒ္ဓဟာ ရာမပြန်လည် ရှင်သန်လာတာလို့ ယူဆကြတယ်။ မြန်မာပြည်မှာတော့ ရာမာယဏဇာတ်တော်ကြီးဆိုပြီး မြန်မာမှုပြုထားပါတယ်။ Yama ယာမလို့ရေးတယ်။

ရာမမူရင်းက Ramayana ရာမယဏ ခေါ် အိန္ဒိယရှေးဟောင်း ဂန္တဝင်ကဗျာရှည်ကြီးထဲက ဖြစ်ပါတယ်။ Rishi Valmiki ရစ်ရှီ ဗာလ်မီကီကနေဖွဲ့ဆိုတာပါ။ မြန်မာ့စွယ်စုံကျမ်းမှာ ဝမ္မီကိ ရသေ့ကြီးကရေးခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်လိုက်က ရာမနဲ့ လူဆိုးက Ravana ရာဗာနတို့ဖြစ်တယ်။ မြန်မာမှုမှာ ရာဝဏလို့ရေးတယ်။ Ayodhya အယုဒ္ဓယမြို့ကြီးမှာ ဇာတ်အိမ်တည်တယ်။ Sita သီတာမင်းသမီး၊ Lakshmana ညီတော်လက္ခဏ၊ Hanuman ဟန်နုမာမျောက်မင်းတိုလည်း ပါတယ်။

ရာမဟာ အိန္ဒိယနိုင်ငံ အယုဒ္ဓယ (ယူပီပြည်နယ်) မှာမွေးဖွါးခဲ့တယ်။ ရာမဟာ Ramachandra ရာမချန္ဒရာကို အတိုကောက် ခါ်တာဖြစ်တယ်။ ဟင်ဒူဘုရား Vishnu ဗိသျှနူး (ပိဿနိုး) ရဲ့ သားတော်ဖြစ်တယ်။ သူ့ညီတွေထဲက Lakshman ကို မြန်မာစာပေမှာ လက္ခဏလို့ ဘာသာပြန်ထားတယ်။ ရာမရဲ့ဇနီး Sita ကို သီတာမင်းသမီးလို့ ဖွဲ့ဆိုထားတယ်။ အိမ်ရှေ့အရာရမယ့်ရာမဟာ ပြည်ပြေးလာရတယ်။ သီတာကို Ravana ရာဗာနာကနေ ပြန်ပေးဆွဲတယ်။ မြန်မာမှုမှာ ရာဝဏလို့ရေးကြတယ်။ သူက Lanka လန်ကာဘုရင်ဖြစ်တယ်။ မြန်မာမှုမှာ (သိဂုႋ) နဲ့ လင်္ကာကျွန်းဖြစ်ပြီး၊ ကနေ့ သီရိလင်္ကာနိုင်ငံခေါ်တယ်။ သီတာမင်းသမီးလိုက်ရှာရင်း ရာမဟာ စစ်ပွဲတွေဆင်နွှဲရတယ်။ ရာမဇာတ်တော်ထဲမှာ Lakshman လက္ခဏနဲ့ Hanuman ဟန်နုမာမျောက်မင်းတို့အခန်းကိုဖွဲ့ထားတာတွေပါတယ်။ နောက်ဆုံးမှာ ရာမက အနိုင်ရပြီး သီတာကို ပြန်ရတယ်။ အယုဒ္ဓယမှာ ဧကရာဇ်ဖြစ်လာတယ်။

ခေါင်းဆယ်လုံးနဲ့ ရွှေသမင်

မူရင်းဇာတ်လမ်းမှာ Ravana ရာဗာနာရဲ့နှမ Shoorpanakha ရှောရ်ပါနာခါးက ရာမနဲ့ လက္ခဏကို ကြိုက်နေတယ်။ ဘယ်သူ့ရ ယူချင်နေတယ်။ ရာမက သီတာနဲ့ လက်ထပ်ထားပြီးဖြစ်နေတယ်။ လက္ခဏကပြန်မကြိုက်ဘူး။ အဲတော့ ရှောရ်ပါနာခါးဟာ သီတာကို သေအောင်ကြံစည်တယ်။ လက္ခဏက ရှောရ်ပါနာခါးရဲ့ နှာခေါင်းနဲ့  နားတွေကို ဖြတ်လိုက်တယ်။ သူ့အကိုက သီတာကို ပြန်ပေးဆွဲတယ်။

ဟင်ဒူဘာသာဝင်တွေက Dussehra ဒတ်ရှီရာရာပွဲတော်ကို နှစ်စဉ်ကျင်းပကြတယ်။ ရာမကနေ လူဆိုးကိုနှိမ်နင်းတဲ့ပွဲပါ။ ခေါင်ဆယ်လုံးပါအရုပ်ကြီးတွေကို မီးရှို့ကြတယ်။ ဗီလိန်လူဆိုးဖြစ်တယ်။ ဘီလူးမဟုတ်ပါ။ ဒပ်စ်က (၁ဝ) ဖြစ်ပြီး၊ ရှီရားက ခေါင်းခြုံစရာဖြစ်ပါတယ်။ ဒတ်ရှီရာကို ဒသဂီရိ (ဒသဂီရိ) လို့ရေးတာတွေ မှန်တယ်မထင်ပါ။ မူရင်းစာမှာ ဘီလူးဟာ ခေါင်းပြတ်နေတယ်။ သူကပဲ သုဂ္ဂီဝ ခေါ် သုဂြိတ် မျောက်မင်းနဲ့ မဟာမိတ်ဖွဲ့ဘို့အကြံပေးတယ်။ မြန်မာမှုထဲက ရွှေသမင်ကို မူရင်းစာထဲမှာ မတွေ့ပါ။

အဆိုးကို အကောင်းကနိုင်တဲ့ပွဲကို အားပေးပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာတော့ ဇာတ်ထဲမှာသာ လူဆိုးကို နိုင်သေးတယ်။

ဒသ ဒဿန ဒဿဂီရိ https://burmese-spelling.blogspot.com/2022/08/blog-post_623.html

စာ အနံကျယ် - ရာမရကန် https://burmese-spelling.blogspot.com/2023/03/blog-post_398.html

ရာမ-သီတာ လက်ထပ်ခန်း နှင့် အယုဒ္ဓယပြည်ပြန် တောခန်း https://burmese-spelling.blogspot.com/2023/06/blog-post_966.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ