Skip to main content

အကို အမ မုန်းသူများသို့

၁။ အမနဲ့အစ်မ ဘယ်ဟာအမှန်လဲ သိချင်လို့ပါ။

အမနဲ့အစ်မ နှစ်မျိုးလုံး ရေးကြတယ်။ 

၂။ တခုလောက်မေးချင်လို့ပါဆရာ။ အစ်မမှာ စလုံးသတ်ပါပါသလားဆရာ။ ဒွိဟဖြစ်နေမိလို့ပါ။ အခုနောက်ပိုင်း စာတွေဖတ်ရင် တစ်နဲ့တတွေကို မရှာပေမယ့် သတိထားမိလာပါတယ်။ ကိုယ်တိုင်ရေးတဲ့အခါမှာလည်း သတိပိုထားခဲ့ပါတယ်။ ဗန်းစကားတွေကိုလည်း မကြိုက်ပါဘူးရှင့်။ သတ်ပုံမှန်တဲ့ အရေးအသားကိုပဲ နှစ်သက်ပါတယ်။ သတိထားလိုက်နာရအောင် အမြဲတင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

၃။ ဆရာ အမ (အစ်မ) က သတ်ပုံများ မှားနေသလားလို့ပါ။ အကြံပြုတာပါဆရာ။ ဆရာက မြန်မာစာပေ သတ်ပုံမှားတာကို မကြိုက်သူမို့ပါ။

၄။ အစ်မ၊ အစ်ကို ရေးတော့အမှန် ဖတ်တော့အသံလားဆရာ။

အမေ၊ အဖေသာရှိလို့ အမ က ပိုသင့်မှန်။

အကိုကလည်း အစ်ကိုထက် သင့်မှန်သည်။

အစ်ဒေါ်လည်း မရှိပါ။

အစ်ရီးလည်း မရှိပါ။

အစ်မျိုးလည်း မရှိပါ။

အစ်

ကွမ်းအစ်၊

ဆင်အစ်သည်

ဘကရီးအစ် (ဘက္ကရီးအစ်)၊

အစ်ထုတ်သည် (စကားထွက်လာအောင်)

အစ်အံ

အရင်ကထုတ်တဲ့ သတ်ပုံစာအုပ်တွေမှာ အကို၊ အစ်ကိုလို့ မပါခဲ့ပါ။ နောက်ထုတ်စာအုပ်တွေမှာလည်း အစ်ကို၊ အစ်မလို့ရေးကြတယ်။ အကို၊ အမလို့ ရေးလာတာလည်းရှိတယ်။

ရေးတော့အမှန် ဖတ်တော့အသံထုံးကို လိုသလိုယူသုံးနေကြတယ်။ တချို့ပြောတာတွေက မမှန်ပါ။ တစ်ခါတစ်ရံကို တခါတရံအသံထွက်လို့မရပါ။ သတ်ပုံမှားရေးနေသူတွေက အမှားကို ဖုံးဖိနေကြတာဖြစ်တယ်။ ခေါင်းကိုက်ကိုသာ ဂေါင်းကိုက်သံထွက်တယ်။

ရေးတာတော့ မမှား၊ ဖတ်ကား အသံဖြစ်ရပါတယ်။ ကျွန်တော်တို့တသက်လုံး ညီအကိုတွေ စာရေးရင် အကိုကြီး၊ အကိုလေးလို့သာ ရေးကြတယ်။

မြန်မာ့စွယ်စုံကျမ်းမှာတော့ အစ်ကိုလို့ ရေးတယ်။ ခေတ်သဘောအရ လွယ်အောင်ပြင်ကြတယ်။ အကို၊ အမသည်သာ သင့်မြတ်မယ်ထင်ပါတယ်။

အမကြီးတော့ အမိအရာ။

အမ အစ်မ အကို အစ်ကို

ပဉ္ဇင်းအမ (မာမာအေး)

အလှူ့အမ (မာမာအေး)

အကိုကြီးတော့အဖနေရာ - လူမင်း၊ ရဲတိုက်၊ မိုးဟေကို

1. အဖေ၊ အမေ၊ အကို၊ အမ၊ မောင်နှမတွေမှာ စ မသတ်ပါ https://burmese-spelling.blogspot.com/2024/10/blog-post_389.html

2. မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ https://burmese-spelling.blogspot.com/2023/03/blog-post_214.html

3. အဖေ၊ အမေ၊ အကို၊ အမ၊ မောင်နှမတွေမှာ စ မသတ်ပါ https://burmese-spelling.blogspot.com/2024/10/blog-post_389.html

4. 'အမ' သည် 'အစ်မ' မဟုတ် https://burmese-spelling.blogspot.com/2025/01/blog-post_503.html

5. အကို အမ https://burmese-spelling.blogspot.com/2023/09/blog-post_62.html

6. အစ်ကို အကို အစ်မ အမ https://burmese-spelling.blogspot.com/2023/09/blog-post_31.html

7. အလှူ့အမ https://burmese-spelling.blogspot.com/2023/11/blog-post_4.html

8. အမကြီးတော့ အမိအရာ https://burmese-spelling.blogspot.com/2024/03/blog-post_632.html

9. အဖေ အမေ အကို အမ https://burmese-spelling.blogspot.com/2024/05/blog-post_797.html

10. အဖေ အမေ အကို အမ (၂) https://burmese-spelling.blogspot.com/2025/03/blog-post_25.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ