Skip to main content

မြန်မာစာ နလန်ထလာနိုင်ပါစေသတည်း

ကွန်မင့်တခု = ဆရာ ဘယ်လောက်မှားတယ် ပြောပြော။ မြန်မာအဘိဓာန်မှာ ဘယ်လောက်ပဲ မပါပါ။ အဲဒီနယ်တွေရဲ့ အသုံးကိုတော့ ဘယ်လိုမှ ပြင်ခိုင်းလို့ မရပါဘူး။ စောန၊ အစောန၊ စောစောန ဆိုတာတွေ အပြင်မှာ တကယ်သုံးကြပါတယ်။

ကွန်မင့်တခု = ဟုတ်တယ်ဆရာ။ စောန ဆိုတာ စောစောက ဆိုတာကနေ အမြန်ပြောလို့မပီ မသ ကနေဖြစ်လာတာလို့ထင်မိပါတယ်။ ငယ်ငယ်က တခါမှ မကြားဘူးခဲ့တဲ့ မြန်မာစကားလုံးပေါ့။

ဟုတ်။

မှားမှန်သိသွားရင် ပြင်သူတွေလည်း ရှိပါတယ်။ 

ကျွန်တော်လည်း ပြည်ပမှာ နိုင်ငံရေးလုပ်နေရစဉ်က မြန်မာစာအခြေအနေ ဒိလောက်ဆိုးနေတာကို မသိခဲ့ပါ။ 

၂၀၁၀ လောက်ကျမှသိလို့ ကြိုးစားပြီး ထောက်ပြပါတယ်။

၂၀၂၀ လောက်ရောက်တော့ တဦးစ နှစ်ဦစ မှန်လာတယ်။ ၂၀၂၄ မှာ သုံးဦးစ လေးဦစ မှန်လာပါတယ်။

အကုန်မှန်လာစေမယ်လို့မျှော်လင့်ရင်တော့ မျှော်တဲ့သူ အမှား။ 

ဘယ်အရာ ဘယ်အခါမဆို ၁၀၀% ဆိုတာ မရှိပါ။

ဟိုတုန်းကလည်း အကုန်မမှန်ခဲ့ပါ။

မနေ့က ကဗျာတပုဒ်တင်တော့ ဆရာမောင်စွမ်ရည်က မှတ်ချက်ပေးပါတယ်။ ကဗျာဆရာတွေထဲမှာ တင်မိုးကလွဲရင် သတ်ပုံ မမှားလူးသူ မရှိဘူး တဲ့။

ဒေသိယ ခေါ် ဒေသသုံးတွေ ပြင်မရလောက်အောင် ခက်တော့တာ ဟုတ်ပါတယ်။ 

ကျွန်တော့ဇာတိ၊ ပုလဲမြို့နယ် မင်းရွာမှာ ငယ်ငယ်ကထမင်းကြမ်းကြော်တာကို ထမင်းကြမ်းလှုံ့တယ်လို့ ပြောဆိုကြပါတယ်။ ဒေသသုံးစကားလုံး။ အခု သိပ်မကြားရတော့ဘူး။

စာရေးတာအများစုနဲ့ သတ်ပုံကျမ်းတွေ မှန်လာရင်ကို မြန်မာစာ နလန်ထလာနိုင်ပြီ။

အသက်မွေးမှုကလည်း ဆရာဝန်ဖြစ်တော့ လူနာကိုရေဆုံးရေဖျားအထိ ကုသပေးဘို့ တာဝန်ရှိတယ်။ လူနာရဲ့ကံနဲ့ ဆရာဝန်ကံကလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ