၂။ ကြိယာဝိသေသန 'တညီတညွတ်' ကို 'တစ်ညီတစ်ညွတ်' လို့ မှားရေးထားတာ
တညီတညွတ် စာလုံးလေးကိုတောင် မညီမညွတ် ရေးနေကြတယ်။ ဟိုအရင်က တညီတညွတ်လို့သာ တတိုင်းတပြည်လုံးမှာ ရေးခဲ့ကြတယ်။ အခုတော့ ငါရေးတာသာ မှန်သတဲ့ လူ ၄ မျိုးက ပြောနေကြတယ်။
၃။ ကျေးဇူးပါ အခုမှ စာလုံးပေါင်းကို သတိထားမိတယ်
1. လားကပ်မယ်တူတူ တစ်ညီတစ်ညွတ်
2. ၂၁ ရာစု ပင်လုံ ညီလာခံသို့ တစ်ညီတစ်ညွတ် ...
3. အသင်းတော်၌ တစ်ညီတစ်ညွတ်တည်း ...
4. အမျိုးသမီးတွေရဲ့ အက တစ်ညီတညွတ်နဲ့
5. ၂၁ ရာစု ပင်လုံ ညီလာခံသို့ တစ်ညီတစ်ညွှတ် အတူတကွ သွားနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုကိုသာ အဓိက ဆွေးနွေးပြီး တူညီသော ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် အရေးကြီးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့
6. အပိုဒ် ၅၈။ ... ၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည်၊ အထူးကိုယ်စားလှယ် အဖွဲ့ အစည်းများ၏ ဝါဒများကို လုပ်ငန်းများ တစ်ညီတစ်ညွတ် တည်းရှိအောင် ညှိနှိုင်းရေးအတွက်၊ ထောက်ခံချက်များ တင်ပြရမည်။
7. တစ်ညီတညွတ် နဲ့ တညီတညွတ် ဘယ်ဟာမှန်ပါသလဲရှင် အမျိုးမျိုးသုံးနေကြတာတွေ့လို့ပါ.
8. အယ်လ်ဂျာဇီရာ သတင်းဌာနဟာ သွေးထိုးမှုတွေ လုပ်နေတယ်လို့ မစ္စတာ နက်တာညာဟုက စွပ်စွဲပြောကြားခဲ့ပြီး ဒီလို ပိတ်သိမ်းဖို့ ကက်ဘိနက်ဝန်ကြီးအဖွဲ့က တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့
9. တချို့ဈေးဝယ်သူတွေက ဟိုစပ်စပ်ဒီစပ်စပ် ဈေးတွေလျှောက်မေးတယ်၊ အဲ့လိုဆိုရင်တော့ စကားမပြောဘူး၊ကပ်ထားတဲ့မီနူးကိုပဲ လက်ညိုးထိုးပြလိုက်တယ်၊ အားလုံးကတော့ ခေါင်းတခါခါနဲ့ တစ်ညီတညွတ်တည်း ...
10. (၇၂)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဟု တညီတစ်ညွတ်. တည်း သတ်မှတ်ကာ နှစ်အဆက်. ဆက်ကျင်းပလာခဲ့ပြီး ယခု၂၀၁၈
ဒေါက်တာတင့်ဆွေ
Comments
Post a Comment