သို့သော် ကံတရားကား ဆန်းကြယ်လှပေစွ။
အောက်ထပ်ကလူ ဖြစ်။ အထက်ထပ်ကလူ လွတ်တာလည်း ကြားသိရသည်။
အထက်ထပ်မှာနေသူ ခဏအောက်ဆင်း၊ အပြင်ထွက်၊ နောက်ထွက်၊ ရှေ့ထွက် လွတ်သတဲ့။
အမြင့်ချင်းတူပြန်ရင်လည်း ခံရတာမတူဘူးတဲ့။
ကျည်ကွယ်မျက်ကွယ်မှာနေနေသူ အလည်ပြန်တော့ ဒဏ်ထိသတဲ့။
ကံထမ်းလာတာကို မမြင်ရတဲ့။
ကံ လို့ ခေါ်ခေါ်၊ မခေါ်ခေါ် အကုသိုလ်ကံ၊ အကုသိုလ်ကံတရားတို့ကား ရှိပါသည်။
၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊
၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။
လက်ငင်းဘဝမှာ တရားဆုံးအမအတိုင်း နေထိုင်ကျင့်ကြံသူတွေလည်း အတိတ်ဘဝကအကျိုးပေးကို အခုဘဝမှာ ခံကြရတတ်ပါသည်။
၁။ ချက်ချင်းလက်ငင်း အကျိုးပေးသော (ဒိဋ္ဌဓမ္မ ဝေဒနိယကံ)
၂။ နောင်ဘဝမှ အကျိုးပေးသော (ဥပ ပဇ္ဇဝေဒနိယ ကံ)
၃။ ချက်ချင်းလက်ငင်း ယခုဘဝရော၊ နောင်ဘဝမှာပါ အကျိုးမပေးသေးဘဲ၊ တတိယ ဘဝမှသည် နိဗ္ဗာန် မရသေးမီ ကြားကာလတချိန်ချိန်တွင် အကျိုးပေးမည်။ (အပရာပရိယ ဝေဒနိယကံ)
၄။ ချက်ချင်းလက်ငင်းလည်း အကျိုးပေးခွင့်မရဘဲ၊ ကြာလာရာမှ အခြားအင်အားကြီး ကံတခုခုရဲ့ ဖျက်ဆီးခြင်း ခံလိုက်ရသော (အဟောသိကံ) တို့ဖြစ်သည်။
အခုငလျင်မှာ အသက်ဆုံးသွားရသူတိုင်းဟာ အခုဘဝရဲ့ မကောင်းမှုကံ ဟုတ်ချင်မှသာ ဟုတ်ပါမည်။
ကိုယ့်ကံကို ကိုယ်တိုင်မသိသူကသာ များပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment