(ကန်တော့)
ဆရာ အရေးကြီးလို့ဖြေပေးပါနော် ကျမကတက္ကသိုလ်တက်နေပါတယ် အသက် ၂၁နှစ်ပါ ညီမအမျိုးသားနဲ့ဒီနေ့ည -
မေးခွန်းမှာ ညီမအမျိုးသားလို့ရေးတာဟာ မတ်နဲ့ မရီးလို့ ထင်စေတယ်။
အမျိုးစပ်ခေါ်ဝေါ်သုံးစွဲပြီးရေးသား မေးကြတာတွေက ဖတ်ရတာ အခက်အခဲတွေ့စေကြောင်း ခဏခဏရေးပါတယ်။ မေးနည်းစည်းကမ်းမှာ အဘ-ဦးလေး-အကို အမျိုးတပ်မခေါ်ပါနဲ့။ မေးတဲ့သူကလည်း သမီး-သားလို့ မရေးကြပါနဲ့လို့ ထည့်ထားတာ အဲတာကြောင့်ဖြစ်တယ်။
သားလို့ရေးလာရင် မေးတဲ့သူရဲ့သားလား၊ သမီးလို့ရေးလာရင် မေးတဲ့သူရဲ့သမီးလား၊ သမီးရဲ့သမီးဆိုရင် သူ့မြေးမလေးလား၊ သားကောင်မလေးဆိုရင် ချွေးမလား၊ သမီးကောင်လေးဆိုရင် သားမက်လား စဉ်းစားရတယ်။
ကိုယ့်အမည်ကို အဖျားဆွတ်ခေါ်ပြီး ရေးတာတွေကလည်း ခေါင်းရှုတ်ရတယ်။
ဆရာဝန်ဆီစာရေးရင် ရိုးရိုး ရှင်းရှင်း လွယ်လွယ်လေးသာ ရေးကြစေချင်ပါတယ်။ ဒီအကြောင်းရေးတင်ရတာ ဆယ်ခါတော့ မကတော့ပါ။
ဒေါက်တာတင့်ဆွေ
၃-၄-၂၀၁၉
Comments
Post a Comment