၁။ ယာယီ ဆိုတဲ့ အသုံးကို ရှေးစာပေတွေမှာ မတွေ့မိပါဘူး ဆရာ၊ ကျွန်တော့်ရဲ့ လေ့လာအားနည်းလို့ပါ၊ ဘယ်အချိန်လောက်က စသုံးတာလည်း သိချင်မိပါရဲ့ ဆရာ၊
(၁) ဦးသာမြတ် (၁၉၅၃)
ယာယီပြုသည်
ယာယီအစိုးရ
ယာယီလုပ်ငန်း
(၂) ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄)
ယာယီပြုသည်
ယာယီခရီး
ယာယီအလုပ်
ယာယီအစိုးရ
ယာယီ = ခေတ္တ။
ဤလောကီမှာကံညီခိုက်တော်တန်၊ ယာယီသာစံရသည်။ ပုညဝတ်။ ၈၈။
၂။ တခုဖြေပေးပါ ဆရာ (ကလေကချေ) လို ရေးတာမှန်လားသိချင်ပါတယ်။ကလေကချေ = အခြေအနေမဲ့သူ။ လေလွင့်နေသူ။
ဤမျှ ကလေကချေ နိုင်လွန်းသော လူသည် ကျွန်တော့်အသိ မိတ်ဆွေထဲမှာ မရှိ။ မိုး၊ ၁၁၉။ ၇၄။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment