ဆရာခင်ဗျ သင်ကြားလိုစိတ်ရှိသောကြောင့် မေးမြန်းရတာပါ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် တစ်ယောက်(တယောက်)က အောင်နိုင်ဟိန်း တစ်ယောက်(တယောက်)က အောင်မိုးဟိဏ်း။ ဟိန်း နဲ့ ဟိဏ်း က ဘယ်လိုမျိုးကွာနေရတာလဲ ဆရာ။
ဟိဏ်းလို့ သတ်ပုံကျမ်းတွေမှာ မရှိပါ။ ဒါပေမဲ့ လူအမည်၊ ဆိုင်အမည်၊ ကုန်အမည်တွေကို ထင်သလိုရေးတာမျိုးလည်း ရှိပါတယ်။
ဟိန်း = ကြီးကျယ်ခမ်းနားသည်။
ကျောင်းကြီးဟိန်းအောင်ဆောက်လုပ်မယ်။ မှိုင်းဋီကာ။ ၁၇။
ဟိန်း (ကျား၊ ကျားသစ် စသည်)
ဟိန်းချ
ဟိန်းနေအောင်ကြီး
အိမ်ကြီးက ဟိန်းနေတာဘဲ
ဟိန်းဟောက်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment