Skip to main content

မတ်ဆုအို ဘရှိုး ကဗျာတပုဒ်

လနှင့် နေ့ရက်များသည် မဆုံးနိုင်တဲ့ခရီးသွားနေကြသူများဖြစ်သည်။ 

ကုန်သွားတဲ့နှစ်တွေ လာမဲ့နှစ်တွေဟာလည်း ရေလမ်းခရီးသွားနေကြသူတွေဖြစ်တယ်။ လှေတွေ သင်္ဘောတွေပေါ်မှာ သူတို့နေထိုင်ကြတယ်။

မြင်းတွေစီးသွားရင် အိုမင်းလာသူတွေဟာလည်း ထာဝစဉ်ခရီးသွားတွေ။ 

သူတို့ရဲ့ နေအိမ်တွေဆိုတာ သူတို့နဲ့ ထပ်ချပ်မကွာရှိနေကြတာတွေပါဘဲ။ 

သူတို့ထဲက အများစုဟာ လမ်းမှာ သေဆုံးသွားကြပြီ။

ငါလည်း နှစ်ပေါင်းများစွာ လေနဲ့အတူ လွင့်မျောနေတဲ့ တိမ်တိုက်တခုရဲ့ မြင်ကွင်းကြောင့် မရပ်နားတဲ့ ငါ့အတွေးတွေကို တုန်လှုပ်သွားစေခဲ့တယ်။

မနှစ်က ငါ ပင်လယ်ကမ်းရိုးတန်းတလျှောက် လမ်းလျှောက်ထွက်ခဲ့တယ်။ ဆောင်းဦးရာသီရောက်တော့ မြစ်ကမ်းဘေးရှိတဲ့ အိမ်သို့ပြန်လာပြီး ပင့်ကူအိမ်တွေကို သုတ်သင်ပစ်ရတယ်။

တဖြေးဖြေးနဲ့ နှစ်တွေကုန်ဆုံးဖို့ နီးကပ်လာနေပြီ။ 

နွေဦးပေါက်လာပြီဆိုရင် လေထဲမှာ မြူခိုးတွေ ကျလာတဲ့အခါ၊ ‘ရှီရာကာဝါ’ ကာရံစည်းကို ဖြတ်ကူးပြီး 'အိုကူး' ဆီကို သွားဖို့ စိတ်ကူးခဲ့တယ်။ 

ပျံ့လွင့်နေတဲ့ စိတ်ဝိညာဉ်ကို ငါ့မှာရှိတယ်လို့ ထင်မှတ်နေပေမဲ့ အားလုံးဟာ ငါ့အသိအာရုံတွေ ကင်းမဲ့နေတယ်။

လမ်းကိုထိန်းချုပ်ထားတဲ့ ဝိညာဉ်တွေက လက်ယပ်ခေါ်နေပြီ။ ငါ တည်တည်ငြိမ်ငြိမ် ဆက်မလုပ်နိုင်တော့ပါ။

စုတ်ပြတ်နေတဲ့ ဘောင်းဘီရှည်တွေကို ဖာထေးပြီး၊ ဝါးဦးထုပ်ပေါ်က ကြိုးကိုပါ လဲလိုက်တယ်။ ရှေ့ခရီးအတွက် ငါ့ခြေသလုံးတွေကို ဆန့်တန်းလိုက်တယ်။ ညိုသကြီးပေါ်မှာ ဘယဆေးရွက်ကို မီးရှို့လိုက်တယ်။ 

အဲဒီအချိန်မှာ ‘မာဆူးရှီးမား’ မှာရှိတဲ့ လကလွဲလို့ ငါဘာကိုမှ မတွေးနိုင်ဘူး။ 

ငါ့တဲအိမ်လေးကို ရောင်းချလိုက်ပြီး၊ ရှေ့ခရီးမဆက်ခင် နေထိုင်ဖို့ရာ ‘ဆမ်ပူရိပ်သာ’ ကို ပြောင်းရွှေ့ပါတယ်။ 

ပြီးတော့ ဒီကဗျာကို ငါ့တဲမှာ ချိတ်ဆွဲထားလိုက်တယ်။

သက်ငယ်တဲလေးတောင်မှ

ပိုင်ရှင်အသစ် ပြောင်းလဲနိုင်သည်ဘဲ

ငါကား အရုပ်အိမ်လေးတလုံးဆီသို့တည်း။

Matsuo Basho မတ်ဆုအို ဘရှိုး (၁၆၄၄ - ၁၆၉၄)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ