ကွန်မင့်တခု = Note ထဲသို့မဟုတ် Only me လုပ်ထားလိုက်ပါ ဆရာရယ် ပြီးမှပဲ
ကွန်မင့်တခု = ကာလ အရေးပေါ်ကို ဦးစားပေးစေချင်တာဖြစ်မယ်ဆရာ
အဲလောက်ကတော့ မသိသူ မရှိလောက်ပါ။
အဲလိုထောက်ပြသူများခင်ဗျား အခုဖေ့စ်ဘွတ်ကို ၁၅ မိနစ်လောက် အထက်အောက် ရှာကြည့်ပါ။
- ဘီယာပုလင်းတွေ
- လူလုံးပြ လူခေါ် လူရောင်းနေကြတာတွေ
- သီချင်းဆိုနေကြ ကနေကြတာတွေ
- အရောင်းကြော်ငြာမျိုးစုံတွေ
- သူများတင်ထားတာကို မှန်မမှန် ဟုတ်မဟုတ်ကြည့်နေတော့ဘဲ ထပ်တင်နေကြတာတွေ
- အားကစားပွဲအမျိုးမျိုးတွေ
- ပန်းအလှ လူအလှ ဘာအလှညာအလှတွေ
- ခွေးတွေ၊ ကြောင်တွေ၊ အကောင်တွေ
- ဆဲဆိုစာအမျိုးမျိုးတွေကို တွေ့ရပါလိမ့်မယ်။
ကျွန်တော်တင်နေတဲ့ စာအမှား၊ သတင်းအမှား ထောက်ပြချက်တွေနဲ့ ကျန်းမာရေးအမေးအဖြေတွေကိုသာ သဲသဲမဲမဲ လိုက်နှောင့်ယှက်နေကြပါသလဲ။
အဲလိုပို့စ်တွေကို ဘာ့ကြောင့် သွားမပြောကြပါသလဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment