၁။ လှူတန်းသွားပါမည် မဟုတ်ပါ။ လှူဒါန်းသွားပါမည် သို့မဟုတ် အလှူအတန်းပြုပါမည်လို့ ရေးသားရပါသည်။
၂။ ဆုထားဆောင်းထားတဲ့အထဲက မမှန်ပါ။ စုထားဆောင်းထားတဲ့အထဲကလို့ ရေးရပါသည်။
၃။ တက်နိုင်တဲ့ဖက်က မမှန်ပါ။ တတ်နိုင်တဲ့ဘက်ကလို့ ရေးရပါသည်။
၄။ လက်ရွှေစင်အားကစားသမား မဟုတ်ပါ။ လက်ရွေးစင်အားကစားသမားလို့ ရေးရပါသည်။
၅။ မုန်တိုင်းဝင်နိုင်ချေ မဟုတ်ပါ။ မုန်တိုင်းဝင်နိုင်ခြေလို့ ရေးရပါသည်။
၆။ မကိုးကိုယ်ပဲမနေနိုင်ဘူး မဟုတ်ပါ။ မကိုးကွယ်ဘဲမနေနိုင်ဘူးလို့ ရေးရပါသည်။
စာအမှားထောက်ပြတာကို မနှစ်မြို့သူများက Block နိုင်ကြပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment