Skip to main content

တမင်း ကို အရင်က ထ္မင်း လို့လည်း ရေးကြတယ်

ထမင်းကို ထမ္မင်းလို့ရေးထားတာ ကျွန်မငယ်ငယ်တုန်းက ဖတ်ဘူးခဲ့ပါတယ်ဆရာ။ ဘယ်စာလုံးပေါင်းကအမှန်ဖြစ်ပါလဲရှင့်။

တမင်း ကို အရင်က ထ္မင်း လို့လည်း ရေးကြတယ်။

ထမ္မင်း မမှန်ပါ။ အဲလိုရေးရင် ထမ်မင်း ဖြစ်သွားမယ်။

မြန်မာနှစ်လုံးဆင့်များ နှင့် မြန်မာအတိုကောက်များ 

မိမ္မ မှားပါသလားခင်ဗျာ - မမှားပါ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)

မြန်မာနှစ်လုံးဆင့်များ

ပခုက္ကူ၊ စက္ကူ၊ ကုက္ကိုပင်၊ ယောက္ခမ၊ ခတ္တာပန်း၊ မိတ္တူ၊ ဝတ္တရား၊ သေတ္တာ၊ လပွတ္တာ၊ မုတ္တမ၊ ပိန္နဲတိုင်၊ လိမ္မာ၊ လိမ္မော်သီး၊ လမ္မတော်။

အတိုကောက်ရေးနည်းများ

ကျမ္မာ = ကျန်းမာ

ကြောက် = ကြောံ

ခြီး = ခရီး

ဆရာ = ဆြာ

ဆြာ = ဆရာ

ထောက် = ထောံ

ထ္မင်း = ထမင်း

ပျောက် = ပျောံ 

ပုဒ္မ = ပုဒ်မ

မြမ္မာ နဲ့ မြန်မာ

မြောက် = မြောံ 

မိမ္မ = မိန်းမ

မောင် = င် 

ယောက်ျား = ယောက်ကျား

ယ္ခင် = ယခင်

ယ္ခု = ယခု

ရက်ကန်း၊ ယက်ကန်း၊ ယက္ကန်း 

ရောက် = ရောံ 

လကျာ် = လက်ယာ

လကွဲ = လက်ဝဲ

လက္ခံ = လက်ခံ

လက္မ = လက်မ

လဘက် = လက်ဖက် = လ္ဘက် = လက်ဘက်

လိမ့်မည် = လိမ္မည်

လိမ္မည် = လိမ့်မည်

လ္ဆန်း = လဆန်း

လ္ဆုတ် = လဆုတ်

လ္နံ = လက်နက်

သင်္ခန်း နဲ့ သင်ခန်း

သည် = သှ် 

သမတ = သမ္မတ

သားသ္မီးတစု

သ္ခင် = သခင်

သ္ခင် နဲ့ သခင်

သ္နေတ် = သေနတ်

သ္မားတော် = သမားတော်

သ္မီး = သမီး

အ္နံ = အနက်

၁ိ = တကျပ်

၁ါး = တပြား 

၁ဲ = တပဲ

၅ူး (ငါးမူး) = ပြား ၅၀ လို့ ရေးခဲ့ပါတယ်။

အခုအခါ တချို့ အတိုကောက်တွေကိုသာ ရေးသားသုံးစွဲကြပါတော့တယ်။

တွောင်း https://burmese-spelling.blogspot.com/2022/12/blog-post_80.html

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ https://burmese-spelling.blogspot.com/2022/10/blog-post_606.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ