Dr ၇လနန့်မွေးလိုက်ရပါတယ် လမစေ့ ပေါင်မပြည့်မွေးပါတယ်
မေးခွန်း မပါ။ ဘာသိချင်သလဲ မသိပါ။
၇ လနဲ့လို့ ရေးရတယ်။ နန့်ဆိုတာ
လူဒူးနန့်တာနဲ့ ခွေးအမြီးနန့်တာမှာသုံးတယ်။
လူနန့်ကြောဆွဲတယ်ဆိုတာ ဣန္ဒြေမဲ့ပြူမူတာ။
နန့်နန့်တက်ဆိုတာလည်း ဣန္ဒြေမရပြုမူတာတွေမှာ သုံးတယ်။
အလွန်နားထောင်လို့ကောင်းတဲ့ ခင်မောင်တိုးရဲ့ ပန်းချစ်သူသီချင်းကို ပျက်စေတဲ့ သီချင်းနောက်ခံစာသားများ။
(ပန်းလေးတစ်ပွင့်ရယ်) တဲ့။ (လက်နံ့ကွယ်) တဲ့။ (ယုယစွာထွေးဖွေ့) တဲ့။ နောက်လင့်တခု တွေ့ပြန်တယ်။ ပန်းချစ်သူဒို့လက်နဲ့ကွယ် (ခူးစွတ်ဖို့စိုးရွံ့လို့နေတယ်) တဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment