ကွန်မင့်တခု = ကချင်နဲ့ချင်းတိုင်းရင်းသားတွေမှာ ကိုယ်ပိုင် ဗျည်း သရ အက္ခရာမရှိဘူးလေ အင်္ဂလိပ်ခေတ်က တောင်တန်းသာသနာပြု ခရစ်ယာန်ဘုန်းကြီးတွေက သူတို့အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာနဲ့ဆီလျှော်အောင်ရေးပြီးသင်ပေးခဲ့တာ
ပြန်ကြားချက်
စောစောက KIA ထုတ်ပြန်ချက်ကို ကိုးကားပြီး တင်လိုက်သေးတယ်။ ထုန်ပြန်ချက်တရပ် လို့ မှန်အောင်ရေးပါတယ်။
သီချင်းတွေရေးတဲ့ စိုင်းခမ်းလိတ်က ရှမ်း။
ချင်းလူမျိုးစုထဲမှာ ကဗျာရေးသူ ၂ ဦး တွေ့ဘူးတယ်။ သတ်ပုံလည်း မှန်ကြတယ်။
နောက်ဖရင်းတယောက်က မင်းတပ်က။ မြန်မာလို သတ်ပုံ၊ အင်္ဂလိပ်လို စပယ်လင် မှန်တယ်။
ဖရင်းထဲက ပအို့ဝ် အမျိုးသမီးတဦး သတ်ပုံမှန်တယ်။
ကရင်လူမျိုးစုထဲမှာ သတ်ပုံမှန်အောင်ရေးတတ်သူတွေကို သိတယ်။
မြန်မာပြည်မှာ Baptist Christianity စတင်သူတွေထဲက ထင်ရှားသူတဦးဟာ Judson ခေါ် ယုဒသန်။ အင်္ဂလိတ်-မြမ္မာ အဘိဓာန်၊ မြမ္မာ-အင်္ဂလိတ် အဘိဓာန်၊ မြမ္မာသဒ္ဒါစာအုပ်တွေထုတ်တယ်။ အားလုံး သတ်ပုံရော သဒ္ဒါပါ မှန်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment