တိုတိုတိတိရေးတော့ သဘောမပိုက်မသူတွေလည်း ရှိသည်။
ဖြည့်စွက်ပြီး ပြန်ဖြေပါသည်။ သိတဲ့သူတွေ ပိုသိသွားကြသည်။ ကောင်း၏။
ဆိုပါစို့
ဦးဘ သည် ရွာအတွက် ဘုရားတည်ပေးသည်။
ဖတ်မိသူတိုင်းက သာဓုတွေ ခေါ်ကြသည်။
လူနည်းနည်းကတော့ ဦးဘ ပိုက်ဆံတွေ ဘယ်ကရသလဲကို သိကြသည်။
ဘာဖြစ်ဖြစ် ဘုရားတည်တာ သာဓုသာခေါ်ရမည်ဟု ထပ်မံပြောဆိုကြကုန်၏။
နောက်ဥပမာ
ရွာ လမ်းဖေါက်ရာသို့ မြို့ကနေ အကူအညီလာပေးသည်။
ဖတ်မိသူတိုင်းက သာဓုတွေ ခေါ်ကြသည်။
လူနည်းနည်းကတော့ မြို့သားတွေထဲမှာ ဆိုးပေပါတာကိုပါသိကြ၏။ ရွာထဲက အိမ်ချို့ အခိုးခံလိုက်ရ၏။
လမ်းဖေါက်လာကူတာ သာဓုသာခေါ်ရမည်ဟု ထပ်မံပြောဆိုကြကုန်၏။
ဝါဝါမြင်တိုင်း ရွှေဗမာဖြစ်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment