- ဆရာ မေတ္တာဖြန်းမှ လန်းဆန်းမယ် ဆိုတဲ့ သီချင်းမှာ ဖြန်း နဲ့ ဖျန်း ဘယ်ဟာ အမှန်လဲ သိပါရစေ။
- မင်္ဂလာပါ ဆရာ ဖျန်း၊ ဖြန်း စာလုံး အသုံးပြုပုံလေး သိလိုပါတယ် ဆရာ
"မေတ္တာဖျန်းမှ လန်းဆန်းမယ်"
သံသရာဘုံ မလွတ်ကင်းနိုင်ကြပုံ
ဤကမ္ဘာမြေဝသုန် မေတ္တာနယ်တွင်း
သက်ဆင်းကာကြုံ လွှဲရှောင်ကာမရပုံ
မေတ္တာဆိုတဲ့တရားကကြီးမားတာအမှန်ယုံ
သေချာစွာ စောင့်ထိန်းလို့သာမကုန်
မညှိုးပန်းမာလာငုံ မိုးဆန်းပမာပုံ
မေတ္တာဖျန်းမှ လန်းဆန်းမယ်သာယုံ
ဖျန်း
ဆွတ်ဖျန်း
ဖျန်းဆွတ်
ဖျန်းပက်
ရေဖျန်း
ဖျန်းသတ် (နံ့သာရည်ထုံစေ)
ဖျန်းသတ် (မီးကိုရေဖြင့်...)
ဖျန်းသပ် (နံ့သာရည်လိမ်းသပ်)
ဖြန်း
ညာဖြန်း
လေးညှို့ ဖြန်း
ဖြန်းလေသွေး
ဖြန်းခနဲ
ဖြန်းဖြန်းကျိုး
ဖြန်းဖြန်းကွဲ
ဖြန်းသန်းပြော
စီးဖြန်း
ရှက်သွေးဖြန်း
အပျိုဖြန်း
ကြက်သီးဖြန်းဖြန်းထ
ရတနာဦး - မေတ္တာဖျန်းမှလန်းဆန်းမယ် https://www.youtube.com/watch?v=k0Ke9FnTYcI
ဒေါက်တာတင့်ဆွေ
Comments
Post a Comment