ဆောရီး။
ဆရာပြောပြတာတွေအတိုင်းဖြေရင် အမှတ်မရနိုင်။ နောက်ဆရာဆရာမတွေက အရင်ဆရာဆရာမတွေထက် တဝမ်းပူမှန်ရင် တစ်တဲ့နေရာမှာ တော်ကြတယ်။ ဒါ့ကြောင့်လည်း အလုပ်ရကြပါတယ်။
ဟုတ်ကဲ့ပါဆရာ ကျမတို့ငယ်ငယ်က သင်ခဲ့ရတာကိုပဲ စွဲနေတော့ ရှေးရိုးသတ်ပုံကိုပဲ သုံးမိနေတာပါရှင့်။
ရှေးရိုးမှာ မပယ်သင့်တာတွေရှိတယ်။ ဆွေခုနစ်ဆက် နေထိုင်လာကြတဲ့ရွာဆိုပါစို့။ ရွာအမည်က 'ချောင်းတရာ' တဲ့။ ကိုယ်ရေးရာဇဝင်မှာ 'ချောင်းတစ်ရာ' လုပ်မှာလား။
အဖိုးဆိုပါစို့။ အမည်က 'ဦးတရုပ်' တဲ့။ တောမှာက အသားဖြူရင် အဲလိုခေါ်ကြတယ်။ မိသားစုအကြောင်း စာစီစာကုံးရေးတဲ့အခါ 'ဦးတစ်ရုပ်' လို့ ပြင်သင့်ပါသလား။
တချို့ကတော့ လုပ်ရဲတယ်။ မြန်မာအစ 'တစ်ကောင်းက' တဲ့။
- စာမေးပွဲမှာ အမှတ်ရချင်ရင် တဝမ်းပူမှန်သမျှကို တစ်ပါလေ။
- စာအုပ်ထုတ်ချင်ရင်လည်း တဝမ်းပူမှန်ရင် တစ်ပါလေ။
- ဖေါ်လိုဝါများချင်ရင်လည်း တဝမ်းပူမှန်ရင် တစ်ပါလေ။
- တဝမ်းပူမှန်ရင် အလွတ်မပေးနဲ့။ 'မြတ်ဗုဒ္ဓ၏တစ်ရားတော်များ' နေရာမှာ သာဝကတွေ အများကြီး။
ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၁၉

Comments
Post a Comment