ဒီနေ့တော့ ရာသီဥတု သက်သောင့်သက်သာရှိတယ်။ ရာသီဥတုအကြောင်းကို တိရစ္ဆာန်တွေ၊ ငှက်တွေက လူတွေထက် ပိုသိကြသည်။ အိမ်ပြင်မှာ စာကလေးတွေ၊ ငှက်ရောင်စုံလေးတွေ အစာရှာနေကြတာမြင်တာနဲ့ ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့ သူတို့က လူတွေထက် ခံနိုင်ရည်ရှိကြတယ်။ သူတို့ကိုမြင်တိုင်းတော့ လူတွေက အိမ်ပြင်မှာ ထွက်နေလို့ မရသေးပါ။
ဒီနေ့ ချိုးကူသံကို အဆက်မပြတ်ကြားနေရတယ်။ အခုစာရေးနေရင်လည်း ကြားရတယ်။
ချိုးနှစ်ကောင်
ထနောင်း ပင်ညီနောင်က
လွမ်းအောင် ကူချွဲ။
ပန်းတော်ဖြူ
ပင်မြက်မြေစာ ထူလှတယ်
ဘိုးတောင်သူ တဲ။ ။ (ရှေးဆရာ)
- ချိုးကူသံ (မာမာအေး)
- ခင်ဆွေဦး၏ ဝတ္ထုတို ချိုးကူသံ
- မီးလောင်ပြင်ပေါ်က ချိုးကူသံကဗျာများ
- ချိုးကူသံ လမ်းကလေး (အောင်ဝေး )
- ယာခရိုးက ချိုးကူသံ (စန်းထက်(ဖန်ခါးမြေ))
- ငြိမ်းချမ်းရေးချိုးကူသံ
The spotted dove or eastern spotted dove (Spilopelia chinensis) ချိုးလည်ပြောက်။
ခို၊ ချိုးနှင့် အလားတူငှက်များသည် မျိုးစဉ် Columbidae တွင်ရှိသော ငှက်မျိုးရင်းဖြစ်သည်။ ချိုးစိမ်း၊ ချိုးပိန်တူး၊ ချိုးလင်းပြာ၊ ချိုးလည်ပြောက်နှင့် ချိုးနီပု သို့မဟုတ် ချိုးနီတိုများ ဖြစ်ကြသည်။
Mourning dove call / coo / sounds | Bird https://www.youtube.com/watch?v=nKcv4aPnOmQ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment