Skip to main content

အဲ အဲဟို အဲသည် အဲသည်တော့ အဲသည်လို အဲဒီတုန်းက

ကွန်မင့်တခု = ဒါဆို စင်္ကာပူအင်္ဂလိပ်မှာ Nah (န)ကို ဘယ်လိုပြောမလဲ ဘာအဓိပ္ပါယ်မှမရှိဘူး ထားတော့ အဲ ဆိုတာက မြန်မာခက်ဆစ်ပြန်ရှိတယ် လူတွေဝိုင်းအော် ဝိုင်းပြောတာက အဲ ဒါ့ကြောင့်"အဲချင်း"ရှိတယ်.. အဲချင်းကို စာလိုရေးတော့ အဲချင်းကဗျာဖြစ်ရတယ်.. အဲ့က နှစ်မျိုးရှိပြီး တမျိုးက အက်(Crack)ဖြစ်မယ် အခုပြောနေတဲ့ဟာမျိုးပေါ့ တခုက နာမ်စား(this, that, these, those)သုံးတယ် "ထို"ကစာလိုရေးတာ "ဟို"က စကားပြော "ဤ" ကစာလို "အဲ့"က စကားပြောလို ဒါကိုတော့ ဆရာကြီးဆိုသူက သိသင့်တာပေါ့ မြန်မာစာမှာ စကားပြောကတမျိုး စကားပြေကတမျိုး ကွဲတယ် ပြောရင် "ဖြစ်တယ်" စာလိုရေးရင် "ဖြစ်သည်" ဒါမျိုးက အင်္ဂလိပ်စာမှာမရှိဘူး အဲ့ကိစ္စပြောကြေးဆို ဟိုဟာ သင်း ဒင်း ထို ဒါ ဘာ ဇာ ဘဇာ ဟုတ်နဲ့ ခမျာ အကုန်ငြင်းမဆုံးဖြစ်ရပါလိမ့်မယ်

တဆက်တည်း မက်ဆေ့ပေးချင်တာက ရှေ့ကပြောခဲ့သည်ဆိုတိုင်းလဲ အမှန်မဖြစ်ပါ

အဲ

• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်သုံးလုံးမြောက် သရ။

• အဲဟူသော အသံချီကာ အဲဟူသော အသံချ၍ ဆီဆိုသော ရှေးကဗာသီချင်း။

• အစုအဝေးလိုက် သွားရာမှ ရှေ့သို့ ဆက်၍ မသွားပဲ ရပ်တန့်နေသည်။ အဲ ဟူသည်ကား အများအပေါင်း စုဝေးရပ်နေသည်ကို ယူသင့်၏။

• အာလုပ်။ စကားပြောရင်း စကားစ ရှာမရ၍ ရုတ်တရက် မည်သို့ စကားဆက်ရမည်မသိပဲ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသအခါတွင် သုံးလေ့ရှိသေစကား။ အဲ့ ကောင်းပါလေရဲ့၊ ဝမ်းသာအားရ ရှိလောက်ပါပေရဲ့။

• အဲခိုး

• အဲချင်း

• အဲထူး

• အဲမောင်း

• အဲသည်လောက်

• အဲဟို

• အဲသည်

• အဲသည်တော့

• အဲသည်လို

• အဲဒီတုန်းကပေါ့ဗျာ သူကလေးနဲ့တွေကြရာတွင် မှတ်မိကာပင် ကျွန်တော့ စိတ်ထဲတွင်ေ နေ့တိုင်းပင် (တူရိယာလုလင်)

Exclamation အာမေဋိတ်စကားလုံးများ https://burmese-spelling.blogspot.com/2025/01/exclamation.html

အဲ အဲဒါ https://burmese-spelling.blogspot.com/2025/04/blog-post_44.html

အဲတာ နဲ့ အဲဒါ https://burmese-spelling.blogspot.com/2024/10/blog-post_69.html

ဤ ထို ယင်း အနှီ အဲဒါ ၎င်း လည်းကောင်း https://burmese-spelling.blogspot.com/2022/10/blog-post_680.html

Pronouns နာမ်စားများ https://burmese-spelling.blogspot.com/2023/01/pronouns.html

၍ ၌ ဤ ၎င်း https://burmese-spelling.blogspot.com/2023/05/blog-post_919.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ