ခြံဝင်းထဲ၊ လမ်းပေါ်၊ မြက်ခင်းပေါ်၊ ပလက်ဖေါင်းပေါ် စတဲ့နေရာတွေမှာ အခင်းတခုခုခင်းပြီး အိပ်စက်ကြရတယ်။
ဟိုတခေတ်တုန်းကတော့ ဆင်းရဲတဲ့သူတွေရဲ့ဘဝကို မြေကြီးနဲ့ နီးသူတွေလို့ ပုံဖေါ်ခဲ့ကြတယ်။
ကျန်းမာရေးဘက်ကနေကြည့်ရင် အခင်းကညီညာပြီး မာကြောတာ လူကြီးတွေနဲ့ ခါးနာသူတွေအတွက် သင့်တော်ပါတယ်။ ကလေးတွေ လူရွယ်တွေအတွက်တော့ ခက်နိုင်တယ်။
အခင်းကိုသာ ဝါကျနှစ်ကြောင်းနဲ့ တင်ပြရတာဖြစ်ပါတယ်။ အမိုး၊ အကာ မပါသေး။ ခြင်တွေ၊ ယင်ကောင်တွေ၊ မသန့်တဲ့သောက်ရ သုံးရေ။ နေ၊ မိုး၊ အပူချိန်။
ရေအသက် တမနက်။ ထမင်းအသက် ခုနစ်ရက်လို့တော့ဆိုတယ်။
ကိုယ်အင်္ဂါ ထိခိုက်ဒဏ်ရာ။
စိတ်ဒဏ်ဆိုတာ နှစ်တွေနဲ့အထိကြာလေ့ရှိတယ်။ ဒေါ်မြမြအေးက ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က နေအိမ်ကို မီးသင့်ခံရစဉ်က စိတ်ဒဏ်ရာကို ပြန်ပြောပြနေတယ်။
ဒဏ်ခံနေရသူတွေအတွက် နက်ဖြန်ဆိုတဲ့အနာဂတ်ကိုက ရှည်လွန်းမယ်။
မြေကြီးနဲ့နီးသူများ ကိုယ်ရော စိတ်ပါ လျင်မြန်စွာ ကျန်းမာလာကြပါစေသတည်း။
Sleeping Ground Royalty-Free Images, Stock Photos & Pictures | Shutterstock
Infections after earthquake ငလျင်နောက်ဆက်တွဲ ကူးစက်ရောဂါများ https://dr-tint-swe.blogspot.com/2025/03/infections-after-earthquake.html
Following an earthquake ငလျင်ကြီးကြုံရပြီးနောက် တွေ့ကြံရမည့် စိတ်ပိုင်းထိခိုက်မှုများ https://dr-tint-swe.blogspot.com/2025/03/following-earthquake.html
Post-earthquake dizziness syndrome (PEDS) ငလျင်ပြီးနောက် မူးဝေခြင်းရောဂါ https://dr-tint-swe.blogspot.com/2025/03/post-earthquake-dizziness-syndrome-peds.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment