ရေနစ်သူအဖို့ ကောက်ရိုးမျှင်ကလေးတခုကိုပင် အားကိုးတကြီးဆွဲယူမိကြတယ်။
ကုလားအုပ် ကျောရိုးကိုကျိုးစေခဲ့တဲ့ နောက်ဆုံးကောက်ရိုးတမျှင်ဆိုတာလည်း ရှိသေးသည်။
ပုံမှန်အားဖြင့်တော့ အသေးအမွှားလေးသာဖြစ်ပေမဲ့ ဆက်တိုက်ကြုံနေခဲ့ရတဲ့ အခက်အခဲတွေအဆုံးက လုံးဝဥသုံမပျက်စီးမီ ကြုံရတတ်တဲ့ နောက်ဆုံးပေးလိုက်တဲ့ဒုက္ခကို ဆိုလိုပါတယ်။
နုယဉ်၏ 'ယာခင်းသာ' ကဗျာ
အဖီဆွဲသည့်
တဲလေးငယ်ငယ်၊ ဆယ်ပေ ကျယ်၏
နောက်ဝယ် တလင်း၊ ကနားဖျင်း၌
ပျိုးခင်းမြေခုံ သာသည်နှင့်။
သပွတ် ခဝဲ၊ ဖရုံ တွဲလျက်
ပဲလည်း စင်ပြိုင်၊ ငရုတ် လှိုင်၍
ဖီးခိုင် ငှက်ပျော၊ ခရမ်း ပေါကာ
ရှုမောဖွယ်ရာ သာသည်နှင့်။
ယာခင်း တဖက်၊ ကျဉ်းတကွက်၌
မို့လျက် မြေဆွေး၊ ကောက်ရိုး ထွေး၍
မိုးသေး တပြိုက်၊ ရွာပြီး လိုက်မှ
ဖူးအိုက် ငုံအာ၊ မှိုခင်းသာ၍
မြေစာရနံ့ သင်းသည်နှင့်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment