(ပြင်ဦးလွင်နဲ့ မကွေးမှာ စာကို မှန်အောင်ရေးတတ်သူတွေနေထိုင်ကြ၏။)
၁။ မှလို့သုံးရမယ်မဟုတ်လားဆရာ
၂။ ဆရာ မြို့တော်တော်များများမှာ မြို့မှ ကြိုဆိုပါ၏လို့ပဲရေးပါတယ် တချို့ကကြ(တချို့ကကျ)တော့လည်း မြို့ကကြိုဆိုပါ၏။ မြို့မှနှုတ်ခွန်းဆက်သပါ၏ လို့ပြောကြတယ် ဘယ်လိုသုံးရတာလဲဆရာ။
၄-၅ ကြိမ်လောက် တင်ပြထားပါတယ်။
မကွေးမြို့က နှုတ်ခွန်းဆက်သပါ၏
ပြင်ဦးလွင်က ခင်မင်လှစွာ ကြိုဆိုပါ၏
မှ ဆိုတာ ထွက်ခွါရာပြဝိဘတ်။
က ဆိုတာ ပြုလုပ်သူပြ ဝိဘတ်။
ပုံအတွက် ကျေးဇူး။
က ဝိဘတ် အသုံး မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။
အဲလို မြို့ရွာ ဆိုင်းဘုတ်တွေ မှန်တာ ရှားတယ်။ မှ ဆိုတာ ထွက်ခွါရာပြဝိဘတ်။ က ဆိုတာက ပြုလုပ်သူပြ ဝိဘတ်။
ကတ္တားဝိဘတ်
သည် က မှာ
သဘာပတိကြီးက မိန့်ခွန်း ပြောသည်။
ထွက်ခွာရာပြဝိဘတ်
မှ က
မချောလှသည် မန္တလေးမှ ပြန်လာသည်။
ဒါပေမဲ့ ရှမ်းပြည်နယ် "တစ်" နေရာလို့ရေးထာတော့ ရှမ်းပြည်နယ် ဘယ်ကိုသွားသွား သွားလမ်းလာလမ်း မဖြောင့်ဖြူး။ လမ်းမှာ တစ်ဆို့ပိတ်နေမယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။
ရန်ကုန်မြို့က ကြိုဆိုပါ၏။
ရန်ကုန်မြို့မှ ထွက်ခွာပါတော့မည်။
မှ = နာမ်ပုဒ်၊ကြိယာပုဒ်ကိုထင်ရှားစွာပြလိုရာ၌ဆက်တွဲသုံးသောစကားလုံး။
မှ
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
တစုံတခုသောအရာ၊ တစုံတခုသောနေရာကို စွန့်ခွာဖယ်ထွက်ကြောင်း ထင်ရှားစေသည့် စွန့်ခွာခံရာပုဒ်၏ နောက်မှတက်သော ပုဒ်ညွှန်း။
အပါဒန်ပုဒ်ညွှန်း ဝိဘတ်။
သေဘေးမှာ လွတ်ရအံ့သောအကြောင်းကိုလျှင် ငါရှာအံ့ဟု။
အခြားအပါးသောနာမ်ကို ပယ်မြစ်ခွာကန်၍ ဆိုလိုရာနာမ်ကိုသာ အထူးထင်ရှားစွာ ကိုင်ပြလိုရာ၌ သုံးသောစကားလုံး။
အဲဒီလို သားမှသား။
အခြားတပါးသော ကြိယာကို ပယ်မြစ်ခွာကန်၍ ဆိုလိုရာ ကြိယာကိုသာ အထူးအရင်းခံပြလို အကြောင်းပြ ဖြစ်စေလိုရာ၌ သုံးသော စကားဆက်။
သော်သာလျှင်။
သောအခါ၌ တို့နှင့် ညီသည်။
ကုန်အောင်စွန့်ခဲ့ပြီးမှ ရသေ့မူလေ၏။
အခြားအရာကို ဆောင်ရွက်ပြီးနောက် ရသေ့မမူ၊ မစွန့်ခဲ့ရပါပဲလည်း ရသေ့မမူ၊ စွန့်ခဲ့ပြီးမှသာ ရသေ့မူသည်ဟု ဆိုရာရောက်သည်။
မှတပါး
တစုံတခုသောအရာ (ကပ်၍ဆိုသောပုဒ်) ကို လွတ်၍ အခြားတပါးအားဖြင့်။ ရည်ညွှန်းသော ကတ္တားပုဒ်၊ ကံပုဒ်ကိုကြဉ်၍ အခြားသောအားဖြင့်။
ကလွဲ၍။
မှအပ။
ဘုရားမှတပါး ထင်ရှားဧကန် အမှန်မသိနိုင်ကောင်းသဖြင့်။
မှတဆင့်
သူမှသူ
ငါမှငါ
မှတပါး အခြားမရှိ
သတိရတော့မှ
ထမင်းစားတော့မှဘဲ
ပြောမှ ပြောရက်ပလေတယ်။
မေတ္တာဖျန်းမှ လန်းဆန်းမယ်
မိုးသောက်မှ ကြက်တင်၊ နေဝင်မှ စပါးလှန်း
ဤဘာသာစကားမှ ဘာသာပြန်ပါ
လျှောက်ထားသူများအနက်မှ
မင်းမှမင်း
ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်၊ သင်မှတတ်။
ဘာမှလည်းမဟုတ်
ကြာကြာ ဝါးမှ ခါးမှန်းသိ
မိုးတွေ ရွာမှဖြင့်
ဝိဘတ်များ https://burmese-spelling.blogspot.com/.../blog-post_13.html
မှတဆင့် https://burmese-spelling.blogspot.com/.../blog-post_464.html
"မေ့ဘဝခဏဘယ်သူယူပါ့မယ်"
(မောင်ဆွေနွယ်၊ မာမာအေး)
ဒီက ချစ်တာ သိရဲ့သားနဲ့
သူမို့ ခွဲသွားရက်တယ်
သူ့အတွက်အလွမ်းပြေ
ပန်းတွေ တပွင့်ဆီခြွေကာ
မြေမှာစုထား ရရင်ကွယ်
ခုများဆို စကားဥပမာ ပြောလို့နှိုင်းမယ်
တောညိုမှိုင်းတဲ့
မောတို့တိုင်းရဲ့. ရှမ်းတောင်တန်းသဖွယ်
လွမ်းယောင်သန်းတဲ့
ပန်းတောင်တန်းတွေ ဖြစ်နေမယ်ထင်တယ်
ဒေါက်တာတင့်ဆွေ


Comments
Post a Comment