မြန်မာစာထဲက … လေလေ … လေလေ အသုံးဟာ အင်္ဂလိပ်စာထဲက the more … the more … နဲ့ ဆင်တူပါတယ်။
The more she read, the more she learned.
The more he drank, the more violent he became.
ဝေးလေလေ လွမ်းလေလေ
ကြာလေလေ ခိုင်မြဲလေလေ
ကြာလေလေဝေး ဝေးလေလေမေ့
အထက်နမူနာတွေက လေလေနဲ့ တွဲတဲ့စာလုံးတွေဟာ သဒ္ဒါ (ဝါစင်္ဂ) တူရတယ်။
… လေ … လေ အသုံးစကားတွေလည်း ရှိတယ်။
ပြောလေ ကဲလေ
မန်းလေ ပြဲလေ
စားလေ ဝလေ
ဖျက်လေ ပျက်လေ
တွဲတဲ့စာလုံးတွေ တူရတယ်။
ပူးတွဲတင်ပြတဲ့စာ လွဲနေတယ်။
အရွယ်ရလာလေလေ အချိန်နည်းလာလေလေ
အိုမင်းလာလေလေ သေခြင်းနဲ့နီးစပ်လာလေလေ
တွဲတဲ့စာလုံးတွေဟာ သဒ္ဒါ (ဝါစင်္ဂ) တူရတယ်။ ကြိယာဆို ကြိယာ။ ကြိယာဝိသေသနဆို ကြိယာဝိသေသန။
The more successful he became, the less happy he felt.
အောင်မြင်လာလေလေ၊ ပျော်ရွှင်မှုနည်းလေလေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment