Skip to main content

ဂဏန်းရေးနည်း သင်ပုန်းကြီး (၂)

ဆယ်သောင်း သောင်းနှစ်ဆယ် ဆိုတာတွေကို ပြောပေးပါဦး ဆရာ။ ဂျပန်၊ ကိုရီးယားရောက် မြန်မာတွေအကုန်ပါ။ မြန်မာစကားမှာ ဆယ်သောင်း၊ သောင်းနှစ်ဆယ်၊ သောင်းသုံးဆယ် ရှိလားဗျ။

မရှိဘူးတော့ မဟုတ်ပါ။ တွက်စစ်ကြည့်လို့ ငွေပမာဏတူနေရင် မမှားပါ။

ယူအက်စေမှာ သောင်း၊ သိန်းနဲ့ ကုဋေ မသုံးပါ။ သုညအရေအတွက်ကသာ အရေးပါတယ်။

ဂဏန်းရေးနည်း

• 100 = One hundred = တရာ

• 1,000 (0 ၃ လုံး) = One thousand = တထောင်

• 10,000 (0 ၄ လုံး) = Ten Thousand = ဆယ်ထောင် (တသောင်း)

• 100,000 (0 ၅ လုံး) = One hundred thousand = တရာထောင် (တသိန်း)

• 1,000,000 (0 ၆ လုံး) = One million = တသန်း

• 10,000,000 (0 ၇ လုံး) = Ten million = ဆယ်သန်း

• 1,000,000,000 (0 ၉ လုံး) = One billion တစ်ဘီလီယံ (သန်းတထောင်)

• 1,000,000,000,000 (0 ၁၂ လုံး) = One trillion တစ်ထရီလိယန် (တထောင်ဘီလီယံ )

ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်တာနဲ့ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင် (တသောင်း)၊ တသန်း (တထောင်ထောင်)။ သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာ မသုံးပါ။

• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။

• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။

• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရစဉ်က ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။

ဂဏန်းရေးနည်း သင်ပုန်းကြီး https://burmese-spelling.blogspot.com/2024/06/blog-post_13.html

ဂဏန်း သင်ပုန်းကြီး (၂) https://burmese-spelling.blogspot.com/2025/02/blog-post_44.html

Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html

Numbers ဂဏန်းရေးနည်း ဋီကာ https://burmese-spelling.blogspot.com/2025/05/numbers.html/

Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ