ဟုတ်။
ဟိုရှေးခေတ်ကတည်းက အရေး၊ အပြော ထပ်တူမကျပါ။
(၁)
ကျောက်စာတွေမှာ စာလိုသာ။
မင်းအနန္တသူ(လေးမျက်နှာဘုရား)ကျောက်စာ (သက္ကရာဇ် ၅၈၅)
၁“။ ။ သကရစ် ၅၈၅ခု။ အာသိတ်သံဝစ္ဆိုရ?။ နတ္တောဝ် လဆုတ် ရရျာက် သုက္ကြာနိယ္အ်အာ။ မ္လတ်စွာသောမင်ကြီ အမတ္တျာ။ မဟာသေနာပတိ
၂ အနန္တသူရ?မောင်နှံနှစ်ယောက် ဤယ်လူတွင်နှိုက် အတိုင်မသိ သဒ္ဓာရုယ္အ်ပ္လုသော ကောင်မှုအက္လိုဝ်ဖ္လင္အ်ကာ။ ရိယ် မ္လိယ်ခပ်သိမ်သော အသ္ခိင်ဖ္လစ်သော
၃ မ္လတ်စွာသောမင်ကြီစသော။ မင္အ်ငီ။ မင္အ်သာ။ မင္အ်သမီ။ မင္အ်နှမခပ်သိမ်။ အမိပုရှာစသော မောင်မတာဝ်ခပ်သိမ်။ အမတ္တျာစသော ဗိုလ်ဗာ
၄ ခပ်သိမ်။ ဩက်အဝစိယ်စသော အထက်ဖဝက်တိုင်ဩင်။ အတို ဝ္အ်စœက္ကဝဠာစသော အတိုင်မသိသောစœက္ကဝဠာနှိုက်
နိယ်သော လူနတ်သတ္တွာ
၅ ခပ်သိမ်သတိုဝ္အ်ကိုဝ် အကြွင်မယ္အ်သဖ္လင္အ်။ သင်္သရာဆိုဝ်ငြယ်မှ ထွက်မ္လောက်ခရုယ္အ် ဆိုဝ်ငြယ်မယ္အ်သော နိရဗန်ပြည် နိရဗန်
သို ဝ္အ် ရောက်စိယ်ခ္လျာင်သောေ
၆ ကြောင္အ်။ ငာလေ သိစပ်မြင်န ှမ္အ်သော သရ္ဗ္ဗညုတညာန် သရ္ဗ္ဗညုတညာန် ပုရှာဆုကိုဝ်လိုဝ်ခ္လျာင်သောကြောင္အ်။”
(၂)
ပေစာခေတ်မှာ အဖွဲ့တွေ ပေါ်လာ။ အသံ၊ ကာရန်သဘောဖြစ်လာတယ်။
လူတွေကတော့ အဖွဲ့အနွဲ့လို မပြောဆိုကြလောက်ပါ။
(၃)
စာအုပ်ခေတ်မှာ သိသိသာသာ ကွဲလွဲလာတယ်။
ဝတ္ထုတွေပေါ်တော့ ဇာတ်လိုက်တွေပြောတဲ့ စကားသံ၊ အာမေဋိတ်သံ၊ ငှက်သံ၊ စက်သံတွေ ပါလာပြန်။
ပေါ်ခါစဝတ္ထုတွေထဲမှာ ဇာတ်လိုက်တွေ့စကားပြောသံက စာဆနးနေသေးတယ်။
(၄)
မောင်ရင်မောင် မမယ်မ
“ငါ့သားမောင်ရင်မောင်... ငါကား သေရတော့မည် မုချဖြစ်သည်”
ဆိုလျှင် ကိုရင်မောင်လည်း မျက်ရည် ပေါက်ပေါက်ကျ၏။
“ငါ၌ ကာမာဝစရကုသိုလ် နည်းပါးသောကြောင့် ငါ့အား သားသမီးအရင်းအချာဆို၍ မထွန်းကား၊ ငါ့သား မောင်ရင်မောင်မှာ ကိတ္တိမ မှန်သော်လည်း သားအရင်းနှင့်မခြား ငါချစ်ခင်သည်ကို ငါ့သားသိသည်၊ မင်းအမိ မဖားဥဆိုသည်မှာ ငါ့ထက်ပင် လွန်ကဲ၍ ချစ်ခင်သေးသည်၊ ယခုသေရမည့်ဆဲဆဲတွင် ငါ့သားအား မှာထားလိုသည့်အကြောင်းထူးကား နှစ်ရပ်ရှိသည်၊ တရပ်မှာ ငါသေလျှင် ယခုလှေနှင့်တကွ လှေပေါ်တွင်ပါသမျှ ပစ္စည်းအရပ်ရပ်ကို ငါ့သားအပိုင်ယူလေ၊ ၎င်းပြင် အမိ၏ပိုင်ဆိုင်ခွင့်ကိုချန်လှပ်၍ သားအကြီး အဖအရာဆိုသည့်အတိုင်း အိမ်ထောင်မှုခမ်းနား၌ အစစအရာရာတွင် ငါစီမံဆောင်ရွက်ခဲ့သည့်အတိုင်း ငါ့သား မောင်ရင်မောင်က ကြည့်ရှုဆောင်ရွက်လေ၊ ငါ အဖကား မနေရ၊ သေရတော့မည်မလွဲဖြစ်သည်၊ သို့ဖြစ်၍ အိမ်၌ရှိသော မောင်ရင်မောင်အမိ အမယ်ကြီးကိုသာ စကားအရာ ချောချောမွေ့မွေ့ ရှိအောင် သတိပြု၍ ပြောပါလေ၊ ၎င်းပြင် ဒုတိယငါမှာလိုသည့် အကြောင်းတခုမှာ ငါ့သားအပါးတိုး၍နားထောင်၊ ယခုငါပြောမည့်စကားသည် ငါ့သားအပေါ်တွင်လွန်စွာ ဝန်လေးမည့်အကြောင်းဖြစ်သည်၊ ယခုအကြောင်းကို မနာလိုသူသိကြားမူ ငါ့သား၌ ဒုက္ခဆင်းရဲကြီးစွာရောက်လိမ့်မည်၊ အဖ ကြံစည်သည့်အတိုင်း အထမြောက်မူ မင်းအမိနှင့်တကွ ငါ့သားပါ လွန်စွာကောင်းစားလိမ့်မည်၊ အဖမှာ ရောဂါဖိစီးလှပြီ၊ ရ
(၅)
ဖါတလုံးခေါင်းကျား
“ဟေ့ မင်းလုလင်များ မရှိကြဘူးလား။ သင်အရူးကို ဆွဲလွဲပြီး ရွာ့ပြင် ထုတ်လိုက်ကြပါကွယ်ရို့” ဆိုတာ အမိန့်ပေးလေ၏။ လုလင်တို့လည်း ၎င်းတို့၏ သခင်အိန့်အတိုင်း အကြမ်းပတမ်းပြုကာ ဆွဲပြီးသော် ကျေးရွာအတွင်းမှ နှင်ထုတ်လိုက်ကြကုန်၏။
“ဟယ် လောက၊ သင်လောကရဲ့ အကြောင်းသဘောကို ငါဟာ ရှေးဦးစွာ ဆားမြည်းမိပြီ။ ငါ၏ ဆရာတော်ဘုရားသည် များစွာ အမြင်ကျယ်ဘိ၏။ ဟုတ်လှပေစွ၊ တော်လှပေစွ။ အို အချင်းတို့၊ လောက၏ ကျေးဇူးတရားကို သိတ်တတ်သောသူ အစစ်အားဖြင့် ရှားဘိ၏။ ဂုဏ်ကြီးမြင့်စဉ်အခါ ခစားမည့်သူ ပေါများလျက် ဆင်းရဲသော်ကား အသိလုပ်သူ မရှိတတ်ပါတကား။ အချင်းတို့ ခစားခြင်းသည် လိမ်လည်လှည့်ဖျား စားသောက်ခြင်းသာတည်းဟု ငါဆိုပါ၏။ ထိုသို့ခစားပြီးမှ ကျေးဇူးကို မသိသောသူသည် အလွန် ယုတ်မာ၏။ ထို့ထက် ခစားခြင်းကို သာယာသာသူသည် သာ၍ ယုတ်ညံ့ရာ ရောက်ချေ၏။”
“ဟယ် လောက၊ ငါ့စကားသည် သင့်အဖို့ သင်ခန်းစုတခု ဖြစ်စေပါလော့။”
နောက်တော့ စကားသံပိုပြီး ပီပြင်လာတယ်။
(၆)
စကားပြေအရေးအသာ ခေတ်စားလာတယ်။
(၇)
စကားပြောသလိုစာရေးနည်း တွင်ကျယ်လာပြန်ပြီ။ အဲဒါမှာ ရေးနည်းမူတွေ မတူကြပါ။
တချို့သတ်ပုံတွေ ပျက်ကုန်တယ်။
(၈)
ပညာရေးကျဆင်းလာတော့ ဗြောက်သောက်။
(၉)
ဆိုရှယ်မီဒီယာပေါ်လာပြန်တော့ ကမောက်ကမ။ တိမ်းလွဲချွတ်ချော်။ ရှင်းပြလို့ မရသလောက် ခက်လာပါတော့တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment