Skip to main content

Historical truth and Hair

ကူးယူတင်ပြပါသည

I was reminded of the first by my friend Tint Swe’s recent post and the second by another friend NyiNyi Han. That in turn led my thoughts to the bizarre removal of some of my posts from Old Burma Group. Here’s one such that involves both historical truth and hair.

ဗုဒ္ဓဆံတော် မရှိသော်ငြား ပွားများထိုက်၏

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဩစတြေးလျအမျိုးသားတက္ကသိုလ်ဘလော့ဂ် ANU blog နယူးမန္ဒလ New Mandala မှာ ဖနွမ်ပင်အခြေစိုက် အိုင်ဇယ်မေးဇတEisel Mazard ဆိုတဲ့သုတေသီတဦးရေးတဲ့ ဗုဒ္ဓသည်ခေါင်းတုံးဖြစ်၏ ဆိုတဲ့ဆောင်းပါးဖတ်ရဖူးတယ်

The Buddha was Bald

https://medium.com/@eiselmazard/the-buddha-was-bald-a25589c26ebe

https://www.newmandala.org/the-buddha-was-bald/

အင်မတန်ထိလွယ်ရှလွယ်တဲ့သူတွေနေတဲ့မြန်မာပြည်အပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေကဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ခေါင်းထဲကအတွေးအခေါ်အသိဉာဏ်ပညာထက်ခေါင်းပေါ်ကဆံပင်ကိုပိုပြီးတန်ဖိုးထားကြတယ်လို့သူကစွပ်စွဲလိုက်တာပ

သမိုင်းမှာတကယ်ရှိခဲ့တဲ့ဂေါတမဗုဒ္ဓဘုရားရှင်ဟာဆံတော်ပယ်အပြီးမှာတခြားဘိက္ခုများလိုပဲဦးပြည်းခေါင်းတုံးသာလျှင်ဖြစ်ပြီးမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဥ်ကမှတ်တမ်းမှတ်ရာမရှိခဲ့သလိုနောက် ၂ ရာစုအေဒီ အနှစ် ၇၀၀ လောက်နေမှသက္ကတဘာသာလင်္ကာကျော်အဿဃောသ Aśvaghoṣa ကဆံတော်ပယ်ခန်းကိုစတင်ဖွဲ့နွဲ့ချဲ့ကားရေးသားလာခဲ့ရာကဆင်းတုတော်တွေမှာလည်းပန်းပုဆရာရဲ့လက်စွမ်းထက်လက်ရာကောင်းမှုကြောင့်သင်းကျစ်ထက်ဝယ်ဆံတော်စုနဲ့ဂန္ဓာရပုံတော်သရုပ်ဖော်တဲ့အလေ့စခဲ့တာလို့ဆိုတယ် ဒီ့အရင်ကဒီလိုပုံတူမလုပ်ကောင်းဘူးလို့ယူဆခဲ့ကြပါသတဲ

လေးဆူဓာတ်ပုံရွှေတိဂုံသမိုင်းနဲ့ကြီးပြင်းခဲ့သူကျွန်တော်တို့အဖို့လက်ခံနိုင်စရာမရှိပေမဲ့အထောက်အထားအချက်အလက်နဲ့မို့စိတ်ဝင်စားဖို့ကောင်းတာတော့အမှန်ပါ သူကရှေးပိဋကတ်ကျောက်စာများကိုဖတ်နိုင်သူဥရောပသားတဦး ဗုဒ္ဓဘာသာတော့ဟုတ်ပုံမရသော်လည်းနှစ်ပေါင်းများစွာစိတ်ဝင်တစားနှိုက်နှိုက်ထွင်းထွင်းလေ့လာထားသူမို့လား

အလုပ်မရှိချစ်တီးခေါင်းသန်းရှာတယ်လို့မိုးအောင်ဆိုတဲ့မြန်မာတဦးကဝင်မန့်တာလည်းဖတ်ရတယ်(ခုလင့်မှာကွန်မင့်တွေကိုမဖော်ပြတာမို့ဖတ်လို့မရတော့ပါ) သူကအခြားသောဘိက္ခုများနဲ့ကွဲပြားအောင်သိသာထင်ရှားအောင်သရုပ်ဖော်မှုဟာသဘာဝလည်းကျအဓိပ္ပာယ်လည်းရှိတယ် ထေရဝါဒဗုဒ္ဓဘာသာဝင်အများစုကြီးဟာသစ္စာလေးပါးနဲ့မဂ္ဂင်ရှစ်ပါးကိုရင်ဝယ်ထားပွားများသူများဖြစ်ကြလို့အပေါ်ယံကြည့်ပြီးအပေါ်ယံအပယိကသာမျက်စိစုံမှိတ်ကိုးကွယ်ကြသူများလို့ဝါးလုံးသိမ်းအသရေဖျက်ရာကျတယ် မတရားသဖြင့်ယိုးစွပ်ရာလည်းရောက်တယ် ယေရှုခရစ်ဟာလူမည်းလားလူဖြူလားငြင်းကြတာကမှဒီ့ထက်အဓိပ္ပာယ်ရှိသေးတယ်လို့မိုးအောင်ကဝေဖန်ပါတယ် ဆောင်းပါးရှင်ကမန့်သမျှကိုပညာတတ်မာနကြီးတခွဲသားနဲ့ပြန်လည်ချေပတာလည်းဖတ်ရတယ်

နောင်ကာလမှသံဃာယနာတင်တဲ့သုတ္တန်တွေထဲကတခုမှာဦးပြည်းခေါင်းတုံး gotama muṇḍakā samaṇakā လို့ဗြာဟ္မဏတဦးကဗုဒ္ဓကိုနှိမ့်ချရေရွတ်ခေါ်ဆိုမှုဟာ(ကမ္ဘောဒီးယားအက္ခရာထိုး အမ္ဗတ္တသုတ် Ambaṭṭha-sutta လို့ဆိုပါတယ် ပါဠိသတ်ပုံမသေချာပါ)ထိုစဥ်ကာလအိန္ဒိယမှာဗြာဟ္မဏအနွယ်တွေကအစခေါင်းရိတ်ပြီးလူ့အသိုင်းအဝိုင်းကနေကြဥ်တဲ့အလေ့ရှိခဲ့တာကြောင့်လည်းဖြစ်တယ် အဇာတသတ်မင်းကအခြားသောဘိက္ခုများနဲ့မခွဲခြားနိုင်လို့သမားတော်ဇီဝကကိုမေးရခြင်း(သာမညဖလသုတ် Sāmaññaphala-sutta) ဗိမ္ဗိသာရမင်းကတွေ့စမှာခတ္တိယနွယ်ဝင်တဦးလို့အထင်နဲ့စစ်မှုထမ်းလိုပါသလားမေးခြင်း(ပဗဇ္ဈသုတ် Pabbajjā-sutta ပါဠိသတ်ပုံမသေချာပါ)စသဖြင့်ဖော်ပြမှုတွေလည်းရှိတယ်လို့ဆိုတယ် ၂ ရာစုအေဒီဆံတော်ပယ်ခန်းနောက်အနှစ်၂၀၀ လောက်ကြာမှနိဒါနကထာမှာဆံတော်ထပ်ပါလာတယ်လို့ဆိုပါတယရှင်ဗုဒ္ဓဃောသစီရင်တဲ့တခြားကျမ်းတွေနဲ့ရေးသားပုံအာဘော်မတူ နိဒါနကထာရေးသူဟာဗုဒ္ဓဒတ္တ Buddhadatta လို့လည်းဆိုတယ

ခေါင်းရိတ်ထားသော်လည်းဆံပင်ဆိုတာအချိန်တန်ရှည်ထွက်လာတာမို့နောက်ထပ်မရိတ်ဖြစ်သေးခင်မှာဆံတော်စွန့်လို့ရတာအမှနထက်ဝယ်စုခွေထားနိုင်တဲ့အနေမှမဟုတ်ပါဘူး သဘာဝအရွယ်အစားမဟုတ်တဲ့ဖူးနေကျစွယ်တော်အံတော်ဆိုတဲ့ဓာတ်တော်တွေနဲ့စာရင်ဆံတော်ကပိုယုတ္တိယုတ္တာရှိတယ်လို့ဆိုနိုင်ပါတယ်

ရေးမယ့်သာရေးရတာ မနေ့ကမယ်တော်မာယာဆွဲကိုင်တာအင်ကြင်းကိုင်းမဟုတ်ပဲအသောကကိုင်းပါဆိုတဲ့လုမ္ပိနီတက္ကသိုလ်သုတေသီပါမောက္ခအယူအဆကိုတင်တာ ၂၄ နာရီတောင်မခံပဲအကြောင်းပြချက်မရှိ ပျောက်ချင်းမလှပျောက်သွားတာကိုအံ့ဩမိတယ် ဖြစ်နိုင်၏မဖြစ်နိုင်၏ကိုပါဝင်ဆွေးနွေးမဲ့အစားဒီလောက်ထိလွယ်ရှလွယ်ကြရင်လည်းမြန်မာတွေအရေမထူနိုင် သူငယ်နာမစင်ဖြစ်နေတာမဆန်းဘူးဆိုရတော့မယ် မြန်မာပြည်ခေါ်ခေါ်ဗမာပြည်ခေါ်ခေါ်တိုင်းပြည်ရှေ့အနာဂတ်ကောင်းစားရေးမှာနီပြိန်းအဆင့်ထက်မြင့်လာဖို့တော့အောက်ထစ်လိုပါလိမ့်မယ်

https://www.facebook.com/1220594644/posts/10213678476895786/

ပျူမြန်မာမွန်တလိုင်းသွေးကွဲနိုင်တဲ့ပို့စ်တွေတရစပ်တင်နေကြပြီး ကျွန်တော်မကြာလှခင်ကတင်ခဲ့တဲရေးတော့အမှန်ဖတ်တော့အသံ မန္တလေးကယ်လီကျောင်းနဲ့ယုဒသနပို့စ်တွေလည်းစုပ်စမြုပ်စပျောကရှာမရတော့ဘူး ဘာကြောင့်ဆိုတာလည်းမသိ မရှိရေးချမရှိတော

https://www.facebook.com/1220594644/posts/10227646489327367/

https://www.facebook.com/1220594644/posts/10228645124972634/

တဖက်ကလည်းအနောက်တိုင်းသားအဖြူတွေရေးမှပြောမှအရေးလုပ်အဟုတ်မှတ်ကြတာဟာကျွန်စော်နံတာလား နို့အပ်နံ့မပျောက်တာလား တခုခုတော့တခုခုပဲ ခေါင်းဆောင်ပိုင်းကအစ အနောက်မျှော်နေကြတာချိန်ခွင်လျှာတဖက်စောင်းနင်းဖြစ်နေတယ်လို့ခံစားမိပါတယသူတို့အမြင်သူတို့ရေးတာသရုပ်ဖော်တာတွေကိုသိသင့်တာအမှနကိုယ်ကဝေဖန်ပိုင်းခြားချင့်ချိန်နိုင်ဖို့ကအဓိကပထိုင်းမှာဟောလိဝုဒ်ကကမ္ဘာကျော်ရုပ်ရှငဘုရင်မင်းမြတ်နှင့်အင်နာ The King and I ကိုပြခွင့်မပေးတော့သာမန်ပြည်သူတွေသာအ နေနေရုံပါပဲ အင်တာနက်ခေတ်မှာတောင်အာဏာပိုင်တွေကပိတ်ပင်ကန့်သတ်မှုတွေလုပ်နိုင်ကြပါသေးတယကိုယ့်တိုင်းပြည်ကိုယ့်ယဉ်ကျေးမှုကိုသူများဘယ်လိုမြင်လို့ဘယ်လိုသဘောထားတယ်ဆိုတာမသိရင်ဝါးလုံးခေါင်းထဲတွင်လသာနေပုံကတမျိုး နိုင်ငံခြားဆိုချေးမရှိအလကားနေရင်းအခြောက်တိုက်အထင်ကြီးနေကြတာကတဖုံ(နိုင်ငံခြားရောက်မြန်မာတွေထဲမှာကြွားတဲ့လူတွေကလည်းကြွားသလားမပြောနဲ့) မဇ္ဈိမပဋိပဒါမဟုတ်တော့ဘူး လေ့လာပဆွေးနွေးပဝေဖန်ပပုဂံရာဇဝင်တုတ်ထမ်းပြောခြင်း ပုဆိုးခြုံထဲကလက်သီးပြခြင်း အထိမခံရွှေပန်းကနလာမထိနဲ့မီးပွင့်သွားမယငါကြည်ညိုတာထိဒါးကြည့်ဆိုတဲ့အချိုးမျိုးတွေ ရွှန်းရွှန်းဝေအောင်ချီးမွမ်းမြှောက်ပင့်ခြင်းနဲ့ရိုင်းရိုင်းစိုင်းစိုင်းဆဲရေးတိုင်းထွာခြင်း အနှစ်မရှိတဲ့ဒီနှစ်မျိုးသာတတ်တဲ့'တိုင်းကြီးပြည်ကြီးသား'တွေမဖြစ်သင့်တော့ပါ (Zaw Min)

ကျေးဇူး

သူနဲ့ ကျွန်တောဆေးကျောင်းမှာ အတူစာသင်ခဲ့ပါတယ်။ ဆေးစာအုပ်မဟုတ်တာတွေကို သူဖတ်တာ ကျွန်တောမသိ။ ကျွန်တော်ဖတ်တာလည်း သူမသိလောက်။

ကျွန်ုပ်တို့သညမသိသောအကြောင်းအရာများကို ဆရာအမျိုးမျိုးထံမလေ့လာဆည်းပူးနေကြရပါသည်။

စဉ်းစားတွေးတော ချင့်ချိန်နှိုင်းဆကြရပါသည်။

မည်သူ အကုန်သိသနည်း

လူအများသညပဲဝက်မျှဖြင့် မာန်တက်ကြကုန်၏။ (ဂင်္ဂမာလဇာတ - ၁၂ ယူဇနာတွင်ရှိသော ပဲဝက်မျှ အသပြာကို ယူဆောင်ရန်သွားသည့် ရေသည် ယောကျ်ားအား မင်းစည်းစိမ် ထက်ဝက်ခွဲပေးသော ဥဒယမင်းနှင့် ဂင်္ဂါမာလ ဆတ္တာသည)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ