"ဒေဝါ သိကြား မဆပါ"
ပြန်စာ
ပုံအတွက် ကျေးဇူး။
ကျွန်တော်က အထူးကုဆရာဝန် မဟုတ်ပါ။
ကျွန်တော်ထင်တာကတော့ ပုံထဲကစာကိုရေးသူဟာ စ နဲ့ ဆ ကို ကွဲကွဲပြားပြား မသိဘူးလို့ ထင်နေတယ်။
စ နဲ့ ဆ မှားရေးနေသူတွေကလည်း ထောင်နဲ့ သောင်းနဲ့ သိန်းနဲ့ များတဲ့ခေတ်။
"လမ်းပျောက်" ကိုလည်း "လမ်းပြောက် လို့ရေးထားတာ မှားသေးတယ်။
စက် ဆက် https://burmese-spelling.blogspot.com/.../blog-post_490.html
စဉ် စင် ဆင် https://burmese-spelling.blogspot.com/.../blog-post_559.html
စွယ် ဆွယ် စာ ဆာ https://burmese-spelling.blogspot.com/.../blog-post_597.html
စွဲ ဆွဲ https://burmese-spelling.blogspot.com/2022/08/blog-post_39.html
စွဲ နှင့် ဆွဲ https://burmese-spelling.blogspot.com/2023/09/blog-post_18.html
စာ ဆာ အဆာသွတ် အမှားများ https://burmese-spelling.blogspot.com/.../blog-post_115.html
စိမ့် နဲ့ ဆိမ့် https://burmese-spelling.blogspot.com/.../blog-post_48.html
စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရ https://burmese-spelling.blogspot.com/.../blog-post_982.html
စုံ နဲ့ ဆုံ https://burmese-spelling.blogspot.com/2023/02/blog-post_947.html
ထမင်းဆီဆမ်းရွှေလင်ပန်း (ရေး/ သောင်းတင်ဋ္ဌေး ဆို/ တွံတေးသိန်းတန်) https://www.youtube.com/watch?v=cGYm8YGNBqs
ပျိုးခင်းတေးသံ (ကလေးကဗျာ) တင်မိုး https://drive.google.com/.../1EzKKm.../view...
သောက်ဆမ်းဟင်းကို ကြိုက်သလောက်သောက်စမ်းပါ။ စမ်းတဝါးဝါး လုပ်မနေနဲ့။ လူအမည်ကိုတော့ ကိုယ်ကြိုက်သလို မစန်း၊ မစမ်း၊ မဆမ်း၊ မစဏ်း၊ မဆဏ်း ရပါတယ်။
စ နဲ့ ဆ အမှားတွေ အများကြီး ရှိသေးတယ်။ တခြားအမှားတွေလည်း အများကြီး။ အခုမှ စာဖတ်သူတွေက တ နဲ့ တသာပြောနေတယ်ဆိုပြီး မတရားပုဒ်မ တပ်နေကြတယ်။
ဘရဏီ (ရွှေပြည်အေး)
ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ
ကြင်နာစွာ မောင့်စိတ်ထဲမှာ
ချစ်မိတာ ကြိုက်မိတာ
စေတနာ ဝေဖြာ ခင်သူဇာလှပျိုမျက်နှာ
အသည်းထဲမှာစွဲတာ ထာဝစဉ်သာခင်တာ
ဂေါ်သဇင်ပန်းပွင့်လန်း နန်းဥယျာဉ်မှာ
ချူချင်သော်လည်းစိတ်ထဲရဲသွေးမဝင်ပါ
ခင်နှမသက်လျာ သနားကြင်နာ
ခွင့်ပေးဖို့ရာ တောင်းပန်ရတာ
သဒ္ဓါဟုန်ဇော မနော ပြောလို့မကုန်ပါ
ခင်မင်သူကလေးချစ်ရေးတွေးမိပြန်တာ
ရွှေပါးအပ်ကာ စကားချိုသာ
စောင့်စားသူမောင့်ကိုကြည်ဖြူစေချင်တာ
ချစ်မေတ္တာဖြိုးကြွကာမိုးကျမယ်အလှသူဇာ
ကြည်နူးစွာ ဖူးစာဖက်နဲ့
အကြောင်းဆက်နိုင်အောင်သာ
အို ဒေဝါသိကြား မစပါ
ချစ်မေတ္တာဖြိုးကြွကာမိုးကျမယ်အလှသူဇာ
ကြည်နူးစွာ ဖူးစာဖက်နဲ့
အကြောင်းဆက်နိုင်အောင်သာ
အို ဒေဝါသိကြား မစပါ
ဘရဏီပုံတနှုန်း ပြုံးလျက်မူရာ
ခုံးမျက်စချီကာ စန္ဒာလမင်းအဆင်းနဲ့တူစွာ
ဝင်းဝင်းပပဖြာ
ဘရဏီပုံတနှုန်း ပြုံးလျက်မူရာ
ခုံးမျက်စချီကာ စန္ဒာလမင်း အဆင်းနဲ့တူစွာ
ဝင်းဝင်းပပဖြာ
ကြည်လင်ပေတာ မြင်ရသူချစ်ချင်စရာ
တော်ဝင်သူပါ နန်းထိုက်ပန်းမကိုဋ်ညှာ
အသားဝါရွှေသွေး မွှေးလျက်ကြူကာ
ပန်းပေါင်းရနံတွေဖြာ
ခင်ခင်ပျိုနှမလှရက်ပေတာ
ချစ်မိကြိုက်မိတာ
ချစ်မေတ္တာဖြိုးကြွကာမိုးကျမယ်အလှသူဇာ
ကြည်နူးစွာ ဖူးစာဖက်နဲ့
အကြောင်းဆက်နိုင်အောင်သာ
အို ဒေဝါသိကြား မစပါ
ပျောက် နဲ့ ပြောက် https://burmese-spelling.blogspot.com/2022/11/blog-post_792.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment