ကွန်မင့်တခု = ပဲ နှင့် ဘဲ သတ်သတ်မှတ်မှတ် ခွဲထား မရှိခင်က ကိုယ်သန်ရာ၊ ကိုယ့်စိတ်ကြိုက်အမျိုးမျိုး ရေးခဲ့ကြ တာ အမှန်ပါ။ သတ်သတ်မှတ်မှတ် ခွဲထား ရှိပြီးတဲ့အခါ (ငြင်းဆိုစရာအကြောင်း တိတိကျကျ ခိုင်ခိုင်မာမာလည်း မရှိဘူး ဆို) ခွဲထားအတိုင်း အများ တညီတညွတ်တည်း ရေးကြ တာ (တယောက်တပေါက် ရေးချင်သလို ရေးနေကြ တာနဲ့ စာ) ပို ကောင်းတယ်၊ ပိုသင့်လျော်တယ် ထင်ပါတယ်။ ရှေးစာများကို သူ့မူရင်းအတိုင်း မဟုတ်ဘဲ (ကိုယ့်သဘောနဲ့ ကိုယ်) နောက်မူနဲ့ ပြင် ပြန်ဖော်ပြကြ တာမျိုးက တော့ နှောင်းလူက ရှေးလူကို မလေးစားရာ၊ မထီမဲ့မြင်ပြုရာ ရောက်တာမို့ ဆင်ခြင်သင့်ကြပါတယ်။
ပြန်စာ
စာလုံးပေါင်း သတ်ပုံခွဲထားများဆိုတာ ခေတ်ကာလအစောကြီးကတည်းက ရှိခဲ့ပါတယ်။
ဥပမာ
၁။ ရွှေနားတော်သွင်း ခွဲထား ဆရာတော်ဦးဗုဓ် စသော ရှေးဆရာတို့ အထူးကိုးကားသော ကျမ်းဖြစ်ပါသည်။
နန်းရွှေတောင်၌၊ ထွန်းပြောင်သုံးလ
ယောက်ဖမင်းမြှောက်၊ ရာမမျောက်လျှင်
တစီးရှင်၏၊ သက်တင်ပိုက်ဖြား
သမီးသားတွင်၊ ရှေ့ဖျားအကြီး
ဘိုးတော်ကြီးထုံး၊ ရိုက်ချုန်းကျံကျံ
အောင်ပွဲခံက၊ လုပ်ကြံနောင်ရေး
ရှေးရှေးစဉ်လာ၊ သာသနာကို
ဖျာသို့လိပ်ယူ၊ မင်းတဆူလျှင်
ပြူကြံချင်၍၊ ဆင်ခြင်မရှိ
နတ်ဝိသုကြုံ၊ စေတိုင်းကုံသို့
ယုံကျူံသက်ပြွန်၊ သေနတ်ဝန်နှင့်
သူ့ကျွန်အခြား၊ ထီးဆောင်းများတို့
စက်ချားသို့မတ်၊ လျောက်ပတ်ရွေးချယ်
မျက်စုံခြယ်သား၊ ထိုဝယ် ကမ်းယံ
နောက်တရံထူ၊ မခံ ပြူချင်း
ရန်ဖြစ်ခြင်းကြောင့်၊ စလင်းဘုရင်
နတ်ခွင်လဲပြောင်း၊ ဦးရီးနှောင်းတွင်
ညံ့ပျောင်းသည်းအူ၊ မင်းရွှေကျူကို
ပျံ့ကြူလှိုင်ဧး၊ တခြေးခြေးလျှင်
ဟစ်ကြွေးညာလျက်၊ ညီညာ တတ်ဆန်း
ကြောက်ခမန်းတည့်၊ တိုင်းခန်းရွံ့ကြောက်
သွားလေမြောက်က၊ မြကျောက်တံတိုင်း
လှိုင်းဝဲ ဖလုံ၊ ရေစာကုံဆို
ကြိုက်ကြုံခါထူး၊ မြတ်ကျေးဇူးကို
လေးဦးမကြေ၊ တပ်လုံး နေသို့
မကျေ သံပိုင်း၊ တလိုင်းသူ့ရှင်
အသည်းကျင်၍၊ ချစ်ကြင်မယွင်း
ဗိုလ် ခပင်းနှင့်၊ လှေချင်းငြာလျက်
ညီညာ မလှဲ့၊ သုံးဆဲ့ ခြောက်စင်း
အင်ကြင်းပွင့်ဝတ်၊ မိုးမြေဖြတ်ချိုး
အောင်စည်မိုး၍၊ ထစ်ကြိုးရွာလေ
စေက ကြပ်ကြပ်၊ ကိုယ်တိုင်ကွပ်၍
မြောင်းကျပ်ကျကျ၊ ဒီပ ကြောက်ငြင်
ဘိုးနတ်ရှင်ကား၊ ယဉ်ညင် မြစ်ကြောင်း
မြို့ကျောက်မြောင်းဝယ်၊ မိကျောင်းရဲလှေ
ဧရာဝတီ၊ မြစ်လုံး စီမျှ
စီစီ ကျွတ်ကျွတ်၊ အုတ်ကျက်ကျက်လျှင်
ကြွက်နှင့်ကြောင်ဘား၊ တွေ့သောလားသို့
စကားတင်ပြက်၊ ရှိပေလျက်ကို
ရှေးပျက်ခဲ့လေ၊ စိတ်နေမှတ်ကြံ
ကြံ့ကြံ့ခံသော်၊ လိမ်းကျံရွမ်းမြည်
တိုက်မည်ရန်လုံး၊ အစဉ်ကျုံး၍
ဆိုကြုံးဝါးကာ၊ ဟင်္သာမြို့မြောက်
ချီလှာရောက်၍၊ သုံးယောက်နောင်ရင်း
တောင်တွင်းချောင်စား၊ တောင်ကမ်းကြားက
ပြောက်ကျားနီကြန်၊ စိတ်ဖောက်ပြန်သည်
ငကြန်ဟူသည်၊ စော်ဘွားညီလည်း
မပီ ဆင်ခြေ၊ ဆိုမှားချေသို့
အမွေထိန်းကျောင်း၊ ရိပ်ဖြူဆောင်း၍
ရွှေကျောင်းစံပြီး၊ ချစ်မငြီးသည့်
လျှံညီးမီးခဲ၊ ရဲရဲ မည်းကျုတ်
သွေးသံစုပ်၍၊ ကြုတ်ကြုတ်မြည်အောင်
သောက်မည်ယောင်သို့၊ ခုမောင် တိုက်ချေ
ခန့်လိုက်စေသော်၊ စစ်ခြေသူက
များလှပုန်းတိုး၊ ယင်းကြောင်းကျိုးသည်
ကောင်းကျိုးခပ်သိမ်း၊ မလိမ်းမကျံ
မင်းဖြစ်ကြံလျက်၊ ဆော်ဖန် ဝေခြမ်း
အမှုထမ်းတို့၊ စိတ်ချမ်းစိတ်ဝင်
သန့်စင်ခါကြိုက်၊ ယောက်ချင်းတိုက်က
ကျိုက်ကျိုက်ဆူကြိုး
- မာန်သွင်းမငြိုး၊ ဒီမြစ်ရိုးသို့ - ( မူကွဲမပါ)
ညိုးညိုး ညီးညီး၊ ရွှေဘောင်စီး၍ (ကြီးနှင့်- ကွဲ)
မငြီးရွှင်လန်း၊ ရေပန်း တက်ဖြာ
မြိုင်သာ ကျင်းကျင်း၊ ပေါက်လဲကင်း၍
ငါးကြင်းဆန်လု၊ ဆောင်းရတုဝယ်
စိတ်ခုဟော့ရမ်း၊ မကြော့ကြမ်းမူ
တင်းကြမ်းရေကြည်၊ ချမ်းကြည် စင်ကြယ်
နက်ဝှမ်းကျယ်သား၊ ပင်လယ်ရေရှင်
မြစ်အပြင်ဝယ်၊ မတင်ထွေပြား
ရှမ်းမင်းဖြားကို၊ ဖြားဖြားယောင်းယောင်း
အပေါင်းမြေပေါ်၊ သိန္ဓောကျော်နှင့်
ငြာကြော်ပစ်ဖောက်၊ အမြောက်စိန်ပြောင်း
ပဲ့တင်ခြောင်းမျှ၊ လက်ချောင်းသို့စိပ်
ဦးထိပ်ထုတ်ချောက်၊ မင်းဖြစ်လောက်ဟု
ဆင်ခြောက်ဆယ်မှန်၊ ထက်စွယ်ချွန်နှင့်
ကလန်သံပျင်၊ ရှာဖွေ တင်လျက်
နန်းပြင်စိုးယူ၊ ကျွန်းဇမ္ဗူဝယ်
နတ်လူ ကြည်ယုံ၊ ရူပါရုံကို
တည်ထုံသင်္ချေ၊ ရုံးစည်းထွေဖြင့်
မချေမငံ၊ ဝင်းလျှံဥစ္စာ
ခြောက်နှစ် ကြာက၊ ကြာကြာကြွေးဟစ်
မင်းစစ် မင်းဖျား၊ မလှည့်စားဘဲ
အခဲ အကျဉ်၊ ရေအယဉ်တုံ
ရှောင်ကြဉ် မငံ့၊ တံ့တံ့ ခုကြိတ်
အံသွားကြိတ်၍၊ ဗျာဒိတ် တန်ခိုး
စက်မိုးကြိုးသို့၊ အကျိုးဝှဲချီး
ကြက်သီးဝှန်ပြင်း၊ ထပြခြင်းကြောင့်
ချင်းနှင့် ကချင်၊ ကြံဆင်ခြင်၍
ထို့ပြင်တသီး၊ ကျီးနှင် လက်မြှောက်
ခြိမ်းလိုက်ခြောက်က၊ ထုတ်ချောက် ဒဂုန်
ရဲမုန်ပေါက်ပြ၊ စစ်ရေးပြလျက်
ဗလခွန်အား၊ တရဖျားမူ
ပေါက်သားကျော်ဟိုး၊ သတိုးမင်းစော
တင့်မောရှောင်ချီး၊ ရွှေဘွဲ့ချီးမှ
မကြောင့်ကြပေ၊ ရဲနေ ကျကျ
ချမ်းမြ အုတ်ကျက်၊ ပျံသည့် ကြက်သို့
လျှပ်စက် အယောင်၊ တန်ဆာရောင်နှင့်
ကိုယ်ရောင် ယှက်နွယ်၊ ဖြင်ပေါယယ်၍
ငိုရယ်ကျံကျံ၊ မြိုင်သာယံတွင်
ခြွေရံ မနီး၊ သံကြီး လေးမည်
မိုးကြိုးမြည်သို့၊ စိတ်ကြည် မေတ္တာ
ခိုင်ကြည်စွာလည်း၊ ဆရာဘုန်းရှိ
တောင်ရှည့် ဟူလောက်၊ လျှော့ဖွယ်ရောက်လည်း
ခွက်အောက် ရွှေငွေ၊ ကြာနေလည်းပြက်
ပျောက်ခဲ့ပျက်၍၊ ရန်မက်ထပ်ကုန်
ရန်မုန်ဟစ်လျက်၊ ရှင်ဖြစ်စေကြောင်း
ထိန်းကျောင်းဆိုပင်၊ မငြင် မငြို
နတ်မောင်လိုလျှင်၊ ကိုယ်ကို ကျပ်ကျပ်
စီးကြပ်စွဲသုံး၊ ပတ်ကုန်း ဝန်းကျင်
ဇမ္ဗူပြင်ဝယ်၊ အကြင်လိုအပ်
ယင်နှင့် ယပ်သို့၊ အရပ်မျက်နှာ
သန္တာ ပွင့်တုံ၊ သင့်ရုံ ပျိုနု
တစု မရှိ၊ မရှိ ကံထူး
ဝေးကြူး ကမ်းတပ်၊ မှာဘက်ရပ်သို့
မကပ်စုတ်စုတ်၊ တယောက်ယုတ်ဖြင့်
ရုတ်ရုတ်သဲသဲ၊ ပြက်ကွဲ ကိစ္စ
လောင်မီးချလိုက်၊ ခြခြ မြေကြီး
မင်းထီးရန်ငူး၊ ရည်ညွန်ခူးလျက်
စောလူးစံမြောက်၊ နှစ်ဆယ့်ခြောက်တွင်
ချောက်ချောက်ချားချား၊
မင်းကြား မချပ်၊ နှစ်နှစ်လပ်သော်
ပိုးဟပ် ကြွက်တု၊ ဖျက်ဆီးပြုသည့်
တခုယုတ်ကျန်၊ ငရမန်ကို
မင်းကျန်ရစ်သား၊ ဘုန်းဖြင့်ဝါးသည်
ခွဲထား ရွှေနားတော်သွင်းတည်း။ ။
(#ရှေးစာကဗျာများ)
(၂)
ခွဲထားဗျည်း ဇယားပုံ
စာပေမှာကျမ်း၊ အိမ်မှာကြမ်း၊ ခွဲခြမ်း မစိတ်နိုင် (ကဝိလက္ခဏာသတ်ပုံ ဦးသြ)
(၃)
ကြော် ကျော် ခွဲထား - ရတနာကြေးမုံသတ်ပုံ https://burmese-spelling.blogspot.com/2024/01/blog-post_963.html
(၄)
တက္ကသိုလ် မြန်မာ သတ်ညွှန်းကျမ်း (၁၉၆၃) မြန်မာစာအရေးအသားတွင် အသတ်နှင့်ပတ်သက်၍ ညွှန်းပြသောကျမ်း။ ပြုစုသူ ဦးဝန်။
https://burmese-spelling.blogspot.com/2023/09/blog-post_924.html
(၅)
ခွဲထားဗျည်း ဇယားပုံ https://burmese-spelling.blogspot.com/2023/03/blog-post_49.html
(၆)
ခွဲထား https://m.facebook.com/story.php?story_fbid=2161315850565010&id=1877881868908411
(၇)
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နှင့်ခွဲထား (မြန်မာစာအဖွဲ့ဦးစီးဌာန) ဒုတိယအကြိမ် (၂၀၀၃)
တ အရေး တစ် အရေးလို့လည်းပါလာပြီ။ အရင်က တ နဲ့ရေးထားခဲ့ပြီးဖြစ်တဲ့ စာလုံးအတော်များများကို စသတ်ခိုင်းထားပါတယ်။
ကောက်ချက်
ခွဲထားစနစ်တွေအများကြီးရှိခဲ့ရာကနေ ၁၉၈၆ ခုနှစ်နောက်မှာ တက်လာတဲ့ မြန်မာစာအဖွဲ့ အသစ်ထုတ်ခွဲထားစာအုပ်မှာသာ တဝမ်းပူတွေကို စသတ်စေပါတယ်။
နောက်ထုတ်၊ နောက်တက်၊ နောက်ရေးတွေတိုင်းကို စစ်မှန်ကောင်းမွန်တယ်လို့ ကောက်ချက်ချရတာ ခက်ပါတယ်။
ဒါပေမဲ့ လူကြီးမင်းတို့ သဘောပါ။
ကွန်မင့်အတွက် ဒီစာကို ရေးဖြစ်လို့ ကျေးဇူး။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment