Skip to main content

Peaceful Burma ဘေးမသန်းဘဲ အေးချမ်းတော့မည်

ကွန်မင့်တခု = ဆရာရေ ဆရာက တခု၊ တကောင် တယောက်က အမှန်လို့ပြောပါတယ But ကျောင်းသုံးစာအုပ်မှာ ပြဌာန်းထားတာက တစ်ခု၊ တစ်မျိုးလို့ရေးတာကမှအမှန် တစ်လို့ရေးတာကမှ အမှန်ဖြစ်တာမို့ ကလေးတွေအမှတ်ရမှာပါ အဲ့ဒီတော့ တခုက အမှန်ပေမယ့် အရင်က တခုလို့ရေးခဲ့တာက အမှန်ဖြစ်ခဲ့ပေမယ့် တစ်လို့သာ သုံးသင့်တယ်လို့ သမီးယူဆပါတယ်ရှင်

ပြန်စာ = လူကြီးမင်း သဘောတော်ကျအတိုင်းသာ ဖြစ်ပါတယ်။

မက်ဆေ့ချ် တခု = သတင်းစာ၊ ဂျာနယ်တိုက်‌တွေကို စာမူလေးတွေပို့ရတဲ့အခါမှာတော့ "တစ်ခါက" "တစ်ကြိမ်" ‌လို့ရေးနေ ဖွဲ့‌နေရတာပဲဆရာခင်ဗျာ။ကိုယ်မရေးတော့လည်း စာပြင်က ပြင်တဲ့လိုက်တာပဲကိုးဆရာ။

ဟုတ်။

မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေကို ၁၉၈၆ ခုနှစ်လောက်က အမိန်နဲ့ ပြင်ပါတယ်။ ဒါပေမဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေက ကိုယ့်မူနဲ့ကိုယ် ရေးသားထုတ်ဝေခွင့်ရှိသေးတယ်။

၁၉၈၈ ခုနှစ် မကုန်ခင် အာဏာသိမ်းစစ်အစိုးရက စာပေစိစ်ရေးဖွဲ့ပြီး ပုံနှိပ်ထုတ်ဝေတာမှန်သမျှ သူတို့မူသစ်မဟုတ်ရင် ထုတ်ဝေခွင့်မပေးတော့ပါ။

ကျောင်းစာအုပ်တွေကိုလည်း သူတို့မူအတိုင်း ပြင်ရိုက်ပြီး သင်စေတယ်။

အရင်က သတ်ပုံမှန်နဲ့ ပုံနှိပ်ထုတ်ဝေထားသမျှကို ပြန်ထုတ်ချင်ရင် "တ ရီပလေ့စ် အောလ် တစ်" နဲ့ ပြင်ထုတ်ကြရတယ်။

တ နဲ့ တစ် သာမကသေးပါ။ ပဌမ ကို ပထမ၊ ဒါး ကို ဓား စသဖြင့် အကုန်ပြင်ကြရတယ်။

"နောက်က ဘဲ လိုက်"

"ရေတွက်လို့ရရ တစ်"

ဖေါ်မြူလာတွေ လုပ်လာတယ်။

မူရင်းဂန္ထဝင်စာတွေဂန္ထဝင်ကဗျာတွေ ပျက်စီးကုန်ပါတော့တယ်။

အခု ၂၀၂၅ ခုနှစ်ဆိုရင် အဲဒီပေါ်လစီသတ်ပုံနဲ့စာကိုသာ သင်ယူဘူး၊ သင်ပေးဘူး၊ ရေးဘူး၊ ဖတ်ဘူးသူက ၉၀% လောက်ရှိမယ်။

မူရင်းသတ်ပုံမှန်ကို ဘယ်လောက်များတဲ့ အထောက်အထားတွေပြနေနေ လက်မခံ။ ရန်တွေ့ကြပါတော့တယ်။

အာဏာရှိသူတွေ ရေးခိုင်းတာ ရေး၊ ပြောခိုင်းတာ ပြော၊ လုပ်ခိုင်းတာ လုပ်သူတွေ

- ဘေးကင်းကြတယ်။

- စာပေဆုတွေရကြတယ်။

- စာအုပ်တွေ ရောင်းကောင်းကြတယ်။

- အကျိုးအားဖြင့် မြန်မာနိုင်ငံတော်ကြီး ဘေးမသန်းဘဲ အေးချမ်းတော့မည်။

Myanmar | Peaceful Pagodas In Former Burma – The Travelling Ape

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ