Skip to main content

မိတ်သဟာယ မိတ်သင်္ဂဟ

ဆရာခင်ဗျာ့ စာလုံးသတ်ပုံ တခု မေးချင်လို့ပါမိတ်သဟာယ” နဲ့ “မိဿဟာရ” ဘယ်ဟာက အမှန်ဖြစ်ပါသလဲ ခင်ဗျာ့။ ၂ မျိုးလုံးကို အသုံးပြုကြတာမျိုး တွေ့လို့ပါ။ ယုဒသန်ကျမ်းစာနဲ့ မြန်မာစာလုံးပေါင်းကျမ်း (၂၀၀၃) မှာ “မိတ်သဟာယ” လို့ သုံးတာတွေ့ရပါတယ်။ Myanmar-English dictionary (Myanmar language commission - 1993) နဲ့ ပါဠိအရဆို မိဿဟာရလို့ ရေးတာပိုမှန်တယ်လို့ ပြောတာမျိုးလဲ တွေ့ရလို့ပါ။ အဲ့ဒါကြောင့် ဘယ်စာလုံးပေါင်းက ယနေ့ခေတ်သုံး ပိုမှန်လဲ ဆရာ့ကို အကူညီတောင်း မေးကြည့်တာပါ။ ကျေးဇူးတင်ပါတယ်။

မိတ်သင်္ဂဟ = ခင်မင်ရင်းနှီးသောအပါင်းအသင်း။ အပေါင်းအဖော်။ အပေါင်းအသင်း။ မိတ်ဆွေ။

အချင်းချင်းမိတ်သင်္ဂဟဖြစ်၍။ သင်နည်း။၂၁။

မိတ်

မိတ်ကပ်

မိတ်ကျွမ်းဝင်

မိတ်ဆွေ

မိတ္တူကူး

မိတ်တူနံတူ

မိတ်ပေါက်

မိတ်လင်စုံ(မင်္ဂလသုတ်)

မိတ်သဟာယ

မိတ်သင်္ဂဟ

သဟာယစာပဆေု

သဟာယ = အပေါင်းအသင်း။ စကားပြောဟောသည်တွင် မိတ်သဟာယဖြစ်သည်။ ရွှေဘို။ ၁၃။

  • ခရစ်ယာန် မိတ်ဿဟာယ ဆိုသည်မှာ မြန်မာ ဆိုရိုးစကား “အကြံတူ၊ ရန်သူ” ဆိုသည့် စကားနှင့် ဆန့်ကျင်ဖက် ဖြစ်သော “စည်းလုံးခြင်း သည် ခွန်အား” “မိတ်သဟာယ” (သို့) “သဟာယ” “fellowship”ကို လူမှုအဖွဲ့ အစည်း၏ အလွှာတိုင်း တွင် တွေ့နိုင် ပါသည်။
  • သဟာယဆရာတင်သည်‌အေဝမ်း(သဘင်ဝန်တံဆိပ်) ဓာတ်ပြားကုမ္ပဏီ၏ လူထုအသဲစွဲအဆို‌တော်များဖြစ်ကြသည့် ပြည်လှ‌ဖေ၊ ‌မေရှင်၊ မလှ‌ရွှေတို့အတွက် သီချင်းများကို‌ ရေး‌ပေးခဲ့ရလေသည်။
  • ဓမ္မ သဟာယ အောင်သဗ္ဗုဒ္ဓေဂါထာတော်၊ ပရိတ်ကြီး (၁၁) သုတ်နှင့် ပဌာန်းနှင့် ဓာရဏပရိတ်တော်
  • English translation of သဟာယ is capitulator
  • မိတ်ဆွေကောင်း (ပုညသဟာယ) တရားတော် (ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ)
  • ရခိုင်သဟာယအသင်း
  • လောကကြီး သာယာငြိမ်းချမ်းရေးအတွက် သင်္ဂဟတရားဖြင့် ချီးမြှောက်ရန် လိုအပ်၏။

ဒေါက်တာတင့်ဆွေ

Comments