ဆရာခင်ဗျား ကြေငြာချက် နဲ့ ကြေညာချက် ဘယ်ဟာက စာလုံးပေါင်းသတ်ပုံ အမှန်ပါလဲခင်ဗျ ကျေးဇူးပြု၍ ဖြေကြားပေးပါဦး
ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ
ဆရာရှင့် ကြေညာ နဲ့ ကြေငြာ ဘယ်ဟာမှန်လဲရှင့်
ဝဏ္ဏဗေဓနသတ်အင်း - ကြော်ညာ။ ကြော်ငြာဟု အရေးများသည်။ မဃဒေဝတွင် ကောင်းခြီးကြေညာ၊ လှုံ့ကြော်ငြာဟု ခွဲထား စပ်သည်။
မြန်မာအဘိဓာန် အကျဉ်းချုပ်
ကြေညာ = အထက်အရပ်နှင့် အောက်အရပ်၊ အရပ်ခပ်သိမ်း။ ခပ်သိမ်းကြေညာ ပွင့်လင်းသာ၍။
ကြေငြာ = ကြော်ငြာနှင့်အတူတူ။
ကြော်ငြာ = လူအများ ကြားသိအောင် ဟစ်အော်သည်။
ကြော်ငြာစာ = အများသိအောင် လုပ်ရသော စာရွက်စာတမ်း။
ကဝိဓဇသတ်ပုံကျမ်း - ကြော်ငြာစာ။ ကျောညာ (လူသိစေခြင်း)။
ဦးသာမြတ်သတ်ပုံကျမ်း - ကျေညာ
ဦးနေဝင်းခန့် မြန်မာစာအဖွဲ့ - ကြေညာ
ကြော်ငြာ ဆပ်ပြာ၊ အဖြာဖြာ၊ အမြွာ ရ-ရစ်ရေး။
ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ https://burmese-spelling.blogspot.com/2023/02/blog-post_966.html
ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ (၂) https://burmese-spelling.blogspot.com/2025/09/blog-post_865.html
ဒေါက်တာတင့်ဆွေ





တယောက်ယောက်များရှိရင် ဖြေကြားစေချင်ပါတယ် . သိန်း ၂၀ ကို စာနဲ့ချရေးတဲ့အခါ နှစ်ဆယ်သိန်း လို့ ရေးရသမား သိန်းနှစ်ဆယ် လို့ရေးရသလား ဖြေကြားပေးပါအုံးဗျာ
ReplyDelete