ဂဟ - ဂြိုဟ် (သကဋ)
ကြာညိုတသင်း ရှေးမှကြွင်းမူ
ကဗျာသာရတ္ထသင်္ဂဟ သတ်ပုံ - ဦးဗုဓ်
(င အက္ခရာ ပင့်ရစ်နည်း)
င အက္ခရာ၊ ပင့်နည်းမှာမူ
သတ္တဝါ ဂျွမ်း၊ လူမျိုးဂျွမ်းနှင့်
ရက်ကန်း ဂျွမ်းလျှင်၊ ဤမျှထင်၏့
ထို့ပြင်တချက်၊
နက္ခတ် လ ဂြိုဟ်၊ ရာဇဂြိုဟ်နှင့်၊
သင်္ဂြိုဟ်သည်မှာ၊ ရစ်ရာ မပျက်
တ အက္ခရာ၊ ပင့်ပုံမှာမူ
တျာတျာနီတွေး၊ တေးတျာဖွဲ့ချက်
တျက်တျက်မာခြင်း၊ တျင်းတျင်းကုံစင်
ဤမျှထင်၏။
နေစကြဝဠာထဲက ဂြိုဟ်များ
ဂြိုဟ်ကြီး (၉) လုံးလို့ မှတ်သားခဲ့ရာကနေ အခုတော့ (၈) လုံးသာလက်ခံတော့တယ်။
၁။ Mercury မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်)၊
၂။ Venus ဗီးနပ်စ် (သောကြာဂြိုဟ်)၊
၃။ Earth အာ့သ် (ကမ္ဘာမြေဂြိုဟ်)၊
၄။ Mars မားစ် (အင်္ဂါဂြိုဟ်)၊
၅။ Jupiter ဂျူပီတာ (ကြာသပတေးဂြိုဟ်)၊
၆။ Saturn စေတန် (စနေဂြိုဟ်)၊
၇။ Uranus ယူရေးနပ်စ်နဲ့
၈။ Neptune နက်ပ်ကျူးဂြိုဟ်။
Pluto ပလူတို မပါတော့ပါ။
ပါဠိသက် စကားလုံးများ https://burmese-spelling.blogspot.com/2022/09/blog-post_966.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment