(ကြေးမုံသတင်းစာ၊ ၁၉၅၇ ဖေဖေါ်ဝါရီလ)
ပျောံ
ပျောက်
သော့ခလောက်တလုံး
တခုတည်းသော
အကျဉ်းသားတဦးမျှ
အပန်းတကြီး
ရာဇဝတ်သားတယောက်
အရင်ကအတိုနည်းတွေလည်းရှိခဲ့တယ်။
မြောက် ကို မြောံ၊
ပျောက် ကို ပျောံ၊
ဆရာ ကို ဆြာ၊
မောင် ကို (င်)။
ကြောက် = ကြောံ
ထောက် = ထောံ
ရောက် = ရောံ
ပျောက် = ပျောံ
မောင် = င်
လိမ့်မည် = လိမ္မည်
မြောက် = မြောံ
ဆရာ = ဆြာ
သည် = သှ်
၁ိ = တကျပ်)
၁ါး = တပြား
၅ူး (ငါးမူး) = ပြား ၅၀ လို့ ရေးခဲ့ပါတယ်။
မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာရေး၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ ပြောံ၊ မြောံ တွေကို အခု မရေးကြတော့ပါ။
အရင်က တရုပ်ပြေးမင်းကို တရုက်ပ္လိယ်မင်းလို့ ရေးခဲ့တယ်။ တချို့အပြောင်း ကောင်း၏။
အရင်က စာလုံးဆင့်ရေးနည်း ရှိခဲ့တယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ မိုဃ်း၊ ကျမ္မာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်တွေကို အရင်ကလောက် မရေးကြတော့ပါ။
စွဲး၊ စဲး၊ ထဲး၊ ၍့၊ ၏့၊ မှု့၊ သဲး၊ ဧးတွေမှာ အောက်မြစ်နဲ့ ဝိသဇ္ဇနီတွေမပါပဲ ရိုးရိုးလေးရေးလာတာကြာပြီ။
ခေတ်အပြောင်းအလဲဆိုတာ ပိုပြီး လွယ်ကူရှင်းလင်းစေရပြီး မူရင်းအဓိပ္ပါယ်လည်း မပျက်စေရပါ။ 'တ' တွေကို စသတ်ခိုင်းတာက ခေတ်အပြောင်းအလဲအမှန် မဟုတ်ပါ။
တဝမ်းပူ ၈၀% လောက်ကို မလိုအပ်ဘဲ စသတ်ကြတယ်။ လျှာရှည်တာ။ တချို့အပြောင်း မကောင်း။
မြန်မာစာပါမောက္ခတွေကိုမေးရင် 'တ' ကို 'တစ်' လုပ်ရင်ပြီးရော ကျန်တာ ဘယ်လိုလိုရေးရေးလို့ ဖြေလေမလားမသိ။
ဒါပေမဲ့ လူကြီးမင်းတို့ သဘောသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment