(ကူးယူတင်ပြပါသည်။ ကျေးဇူး။)
မြန်မာကြိယာစကားလုံးများတွင် အဓိပ္ပါယ်ကို ဖျော့လျော့စေရန် စကားပိုပစ္စည်းစကားများဆက်၍ သုံးလေ့ရှိလေသည်။ ထိုသို့သော စကားလုံးကို နှစ်လုံးပွား၍ နောက်မှဆက်တွဲသုံးလေ့ရှိ၍ စကားလုံး တခုစီအတွက် သီးခြားပစ္စည်းစကားတမျိုး သို့မဟုတ် နှစ်မျိုး၊ သုံးမျိုးစီ သီးသန့် တွဲစပ်သုံးနှုန်းလေ့ရှိလေသည်။ စကားလုံးအားလုံးအတွက် ပစ္စည်းစကားတမျိုးတည်းကို မသုံးစွဲနိုင်ကြပေ။
သုံးစွဲလေ့ရှိသောစကားလုံးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- ကြွ စောင်းစောင်း၊
- ချဉ် ဖြုံ့ဖြုံ့၊
- ချို မြမြ
- ခါး သက်သက်၊
- စပ် ရှိန်းရှိန်း၊
- စိမ်း ဖန့်ဖန့်၊
- ဆိမ့် အိမ့်အိမ့်၊
- ညှီ စို့စို့၊
- ညို မှိုင်းမှိုင်း၊
- နက် မှောင်မှောင်၊
- နီ လွင်လွင်၊
- ပြာ လဲ့လဲ့၊
- ပွ ယောင်းယောင်း၊
- ပုပ် အဲ့အဲ့၊
- ပူ ရှိန်ရှိန်၊
- ဖန် တွတ်တွတ်၊
- မှည့် ရွမ်းရွမ်း၊
- မှိုင်း ပျပျ၊
- ယဉ် စစ၊
- ဝါ ဖန့်ဖန့်၊
- သင်း ပျံ့ပျံ့၊
- ဧး မျက်မျက်၊ မြမြ၊
-စို ထိုင်းထိုင်း၊
အဓိပ္ပါယ်ကို ဖျော့လျော့စေရာတွင် ( တ) နှစ်လုံး သရတူပေါင်းစပ်ခြင်းဖြင့်လည်း ဆိုင်ရာပစ္စည်းစကား ရှာဖွေမရသည့်အခါ အလွယ်တကူ သုံးနှုန်းနိုင်လေသည်။
အထောက်အထားအချို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
- ကြည် တည်တည်၊
- ကြီး တီးတီး၊
- ကောင်း တောင်းတောင်း၊
- ချို တိုတို၊
- စိမ်း တိမ်းတိမ်း၊
- စို တိုတို၊
- နီ တီတီ၊
- ပြာ တာတာ၊
- ပါး တားတား၊
- ဖြူ တူတူ၊
- မှုန် တုန်တုန်၊
- ယဉ် တဉ်တဉ်၊
- ယော် တော်တော်၊
- လက် တက်တက်၊
- လှ တတ၊
- အေး တေးတေး၊
မြန်မာစာအရသာ (လှသမိန်)
မှတ်ချက် လှသမိန်ရေးတာမှန်ရင် သတ်ပုံလည်း မှန်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment