Skip to main content

အဓိပ္ပါယ်လျော့စေသော စကားလုံးများ

(ကူးယူတင်ပြပါသည်။ ကျေးဇူး။)

မြန်မာကြိယာစကားလုံးများတွင် အဓိပ္ပါယ်ကို ဖျော့လျော့စေရန် စကားပိုပစ္စည်းစကားများဆက်၍ သုံးလေ့ရှိလေသည်။ ထိုသို့သော စကားလုံးကို နှစ်လုံးပွား၍ နောက်မှဆက်တွဲသုံးလေ့ရှိ၍ စကားလုံး တခုစီအတွက် သီးခြားပစ္စည်းစကားတမျိုး သို့မဟုတ် နှစ်မျိုး၊ သုံးမျိုးစီ သီးသန့် တွဲစပ်သုံးနှုန်းလေ့ရှိလေသည်။ စကားလုံးအားလုံးအတွက် ပစ္စည်းစကားတမျိုးတည်းကို မသုံးစွဲနိုင်ကြပေ။

သုံးစွဲလေ့ရှိသောစကားလုံးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

- ကြွ စောင်းစောင်း၊

- ချဉ် ဖြုံ့ဖြုံ့၊

- ချို မြမြ

- ခါး သက်သက်၊

- စပ် ရှိန်းရှိန်း၊

- စိမ်း ဖန့်ဖန့်၊

- ဆိမ့် အိမ့်အိမ့်၊

- ညှီ စို့စို့၊

- ညို မှိုင်းမှိုင်း၊

- နက် မှောင်မှောင်၊

- နီ လွင်လွင်၊

- ပြာ လဲ့လဲ့၊

- ပွ ယောင်းယောင်း၊

- ပုပ် အဲ့အဲ့၊

- ပူ ရှိန်ရှိန်၊

- ဖန် တွတ်တွတ်၊

- မှည့် ရွမ်းရွမ်း၊

- မှိုင်း ပျပျ၊

- ယဉ် စစ၊

- ဝါ ဖန့်ဖန့်၊

- သင်း ပျံ့ပျံ့၊

- ဧး မျက်မျက်၊ မြမြ၊

-စို ထိုင်းထိုင်း၊

အဓိပ္ပါယ်ကို ဖျော့လျော့စေရာတွင် ( တ) နှစ်လုံး သရတူပေါင်းစပ်ခြင်းဖြင့်လည်း ဆိုင်ရာပစ္စည်းစကား ရှာဖွေမရသည့်အခါ အလွယ်တကူ သုံးနှုန်းနိုင်လေသည်။

အထောက်အထားအချို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။

- ကြည် တည်တည်၊

- ကြီး တီးတီး၊

- ကောင်း တောင်းတောင်း၊

- ချို တိုတို၊

- စိမ်း တိမ်းတိမ်း၊

- စို တိုတို၊

- နီ တီတီ၊

- ပြာ တာတာ၊

- ပါး တားတား၊

- ဖြူ တူတူ၊

- မှုန် တုန်တုန်၊

- ယဉ် တဉ်တဉ်၊

- ယော် တော်တော်၊

- လက် တက်တက်၊

- လှ တတ၊

- အေး တေးတေး၊

မြန်မာစာအရသာ (လှသမိန်)

မှတ်ချက် လှသမိန်ရေးတာမှန်ရင် သတ်ပုံလည်း မှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments