ကွန်မင့်တခု = မြန်မာတော်တော်များများ နိုင်ငံအသီးသီးရောက်သွားကြရင် မြန်မာလိုတောင်မပီကြတော့ဘူး မြန်မာကို မြန်မာလို တန်ဖိုးထားကြသူများသာ ကို့(ကိုယ့်)ဘာသာစကားကို တန်ဖိုးထားကြတော့တယ် ဒါဟာလည်း အနည်းငယ်မျှသာ စိတ်မကောင်းဖြစ်ရပါတယ်။
ဟုတ်။
ကျွန်တော် သူများတိုင်းပြည်တွေမှာနေရတာ ၁၉၉၀ ခုနှစ်အကုန်ကတည်းက။ ပြည်ပတိုင်းပြည်တွေမှာနေကြသူတွေ အများကြီး။ လူအမျိုးမျိုးနဲ့ ထိတွေ့ဆက်ဆံရပါတယ်။
နားခါတာတခုတည်းကို တင်ပြချင်တယ်။
"ကျွန်တော် မြန်မာပြန်တုန်းက" တဲ့။
"သမီး မြန်မာပြန်တုန်းက" တဲ့။
သူတို့ပြောချင်တာက မြန်မာပြည်။
"တိုင်းပြည်" လည်းမပါ။
"နိုင်ငံ" လည်းမပါ ပြောဆိုနေကြတယ်။
အဲလိုကြားမိတိုင်း သြော်သူတို့က "ဘာသာပြန်ဆရာ"၊ "စကားပြန်ဆရာမ" အလုပ်လုပ်ကြတာလို့ အောက်မေ့မိတယ်။
သူတို့က ဘိုလိုတော့ ပြောတတ်ကြပါရဲ့။
တိုင်းပြည်နဲ့ နိုင်ငံ ပျောက်ကုန်ကြပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment